Connect with us

Hi, what are you looking for?

News

တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီး PDFကို​ထောက်ပံ့သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံရ

“နာမည်လေးကိုက ဖမ်းချင်စရာများဖြစ်နေပြီလား။ ဟန်နီစုကြည်ဇော်၊အားတင်းထားသမီးရေ”ဟု ဦးမြင့်ဇော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးထားသည်။

တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီးကို PDFအား ထောက်ပံ့သည်ဟု ရဲတပ်ဖွဲ့ကစွပ်စွဲကာ ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးမြင့်ဇော်၏သမီးကို ရဲတပ်ဖွဲ့က ယနေ့(နိုဝင်ဘာ ၂၃)ညနေတွင် ဖမ်းဆီးသွားခြင်းဖြစ် သည်။

“နာမည်လေးကိုက ဖမ်းချင်စရာများဖြစ်နေပြီလား။ ဟန်နီစုကြည်ဇော်၊အားတင်းထားသမီးရေ”ဟု ဦးမြင့်ဇော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးထားသည်။

ဦးမြင့်ဇော်၏သမီးသည် အသက်(၂၀)ကျော်အရွယ်ဖြစ်ပြီး အမည်မှာမဟန်နီစုကြည်ဇော်ဖြစ်သည်။ PDF အား ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲကာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်အချို့ပါဝင်သော စစ်ကောင်စီအဖွဲ့က နေအိမ်သိို့ လာရောက်ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

ဦးမြင့်ဇော်ကိုယ်တိုင်မှာလည်း ဖမ်းဆီးခံရမည်စိုးသောကြောင့် တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။