Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးပျက်တာများလို့ ရွေ့လျားမီးပွိုင့် အသုံးပြု၊ လမ်းလယ်ချထားတဲ့ မီးပွိုင့်ကြီး ခိုးယူခံရမယ်လို့ မြို့ခံတွေလှောင်ပြောင်

မန္တလေးမြို့မှာ မီးပျက်လွန်းတာကြောင့် အဓိက မီးပွိုင့်တွေပါပျက်လို့ ရွေ့လျားမီးပွိုင့်အသုံးပြု နေရပြီး လမ်းမအလယ်ချထားတဲ့ မီးပွိုင့်စက်ကြီးအခိုးခံရမှာလို့ မြို့ခံတွေက လှောင်ပြောင်နေကြပါတယ်။

မန္တလေးမြို့တနေရာမှာတွေ့ရတဲ့ လမ်းမအလယ်ချထားတဲ့ ရွေ့လျားမီးပွိုင့်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၂၄၊၂၀၂၅၊မေ/People’s Spring

မန္တလေးမြို့မှာ မီးပျက်လွန်းတာကြောင့် အဓိက မီးပွိုင့်တွေပါပျက်လို့ ရွေ့လျားမီးပွိုင့်အသုံးပြု နေရပြီး လမ်းမအလယ်ချထားတဲ့ မီးပွိုင့်စက်ကြီးအခိုးခံရမှာလို့ မြို့ခံတွေက လှောင်ပြောင်နေကြပါတယ်။

ယာဉ်ကြောပိတ်ဆို့်မှုကြောင့် ရွေ့လျားမီးပွိုင့်စနစ်ကို စတင်အသုံးပြုတယ်ဆိုပြီး ယခုတပတ်အတွင်း မန္တလေးစည်ပင်ရဲ့ ညွှန်ကြားချက်နဲ့ ဒီစနစ်ကို စတင်အသုံးပြုခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့် ဒီနေ့မှာပဲ မန္တလေးရဲ့ အဓိကမိန်းလမ်းမ တခုဖြစ်တဲ့ ၂၆လမ်း(ကျုံးတောင်ဘက်လမ်း)၊၇၃ မီးပွိုင့်မှာ မီးပျက်ပြီး မီးပွိုင့်မလာတာကြောင့် ရွေ့လျားမီးပွိုင့်စနစ်ကို သုံးနေရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရယ်ချင်စရာကြီး။အဲတာကြီးကို လမ်းအလည် ခေါင်ကြီးမှာချထားတာ။လူတွေကကြည့် နေကျ အပေါ်မီးပွိုင့်ကို ကြည့်နေကြတာ။အပေါ်မီးပွိုင့်က မလာတာ့ ဖြတ်ချင်သလို ဖြတ်သွားကြတာ။မီးပွိုင့်ကြီးပဲ လူခိုးသွားအုံးမယ်။မော် တော်ပီကယ်ကလည်း ကြောင်တောင်တောင်နဲ့ကြည့်နေတယ်”လို့ မြို့ခံတဦး ကပြောပါတယ်။

လုယက်မှုနဲ့ ခိုးယူမှု များပြားကာ တရားဥပဒေစိုးမိုးမှုနည်းပါးတာတွေကြောင့် ဒီမီးပွိုင့်ကိုလည်း လူခိုးစရာတခုလို မြို့ခံတွေက လှောင်ပြောင်နေကြတာပါ။

မန္တလေးမြို့မှာ ၂၀၂၁စစ်တပါအာ‌‌ဏာသိမ်းပြီး နောက်ပိုင်း မီးပေးနိုင်မှု ရာခိုင်နှုန်းက ၅၀ရာခိုင်နှုန်းအောက်မှာပဲ ရှိပြီး မီးပွိုင့်အများစုလည်း ပျက်နေကာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook