Connect with us

Hi, what are you looking for?

News

အရှေ့ဒဂုံမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ​သေနတ်ဖြင့် ပစ်ခံရ

“သေနတ်ထုတ်တာ သူမြင်တော့ လဘက်ရည်ဆိုင်ကနေပြီး ထထွက်ပြေးတယ်။အဲဒါနဲ့ နောက်ကနေ လေးချက် လိုက်ပစ်တာ။တော်တော် ထိသွားတယ်။သေဖို့များတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

အရှေ့ဒဂုံမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ခွေးဆရာ(ခ) တင်ထွန်းအောင် ယနေ့ နံနက်က သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြော သည်။

နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်က အရှ့ဒဂုံ (၅) ရပ်ကွက်စျေးထိပ်ရှိ လဘက်ရည်ဆိုင်အနီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“သေနတ်ထုတ်တာ သူမြင်တော့ လဘက်ရည်ဆိုင်ကနေပြီး ထထွက်ပြေးတယ်။အဲဒါနဲ့ နောက်ကနေ လေးချက် လိုက်ပစ်တာ။တော်တော် ထိသွားတယ်။သေဖို့များတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

တင်ထွန်းအောင်သည် စစ်တပ်မှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ခွေးများကို လေ့ကျင့်သူကြားပေးခဲ့ရသူအဖြစ် ရပ်ကွက်အတွင်း လူသိများသည်။

Public Service Announcement

Public Service Announcement

၎င်းသည် အာဏသိမ်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးအလွန်အကျွံကောက်ခံသူဖြစ်ကြောင်း ရပ်ကွက်နေသူများကဆိုသည်။

“အရမ်းမချေမငံဆက်ဆံတာ။အော်လား ဟောက်လားနဲ့ အခုလို ပစ်ခံရလို့ မသေမှာပဲစိုးရိမ်တယ်”ဟု (၅)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်းကလည်း အရှေ့ဒဂုံ (၅) ရပ်ကွက်မှ စစ်ကောင်စီသတင်းပေး နာမည်ကြီး ဒလန် ကိုးချောင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။