Connect with us

Hi, what are you looking for?

LuduNwayOo

News

အရှေ့ဒဂုံမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ​သေနတ်ဖြင့် ပစ်ခံရ

“သေနတ်ထုတ်တာ သူမြင်တော့ လဘက်ရည်ဆိုင်ကနေပြီး ထထွက်ပြေးတယ်။အဲဒါနဲ့ နောက်ကနေ လေးချက် လိုက်ပစ်တာ။တော်တော် ထိသွားတယ်။သေဖို့များတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

အရှေ့ဒဂုံမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ခွေးဆရာ(ခ) တင်ထွန်းအောင် ယနေ့ နံနက်က သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြော သည်။

နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်က အရှ့ဒဂုံ (၅) ရပ်ကွက်စျေးထိပ်ရှိ လဘက်ရည်ဆိုင်အနီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“သေနတ်ထုတ်တာ သူမြင်တော့ လဘက်ရည်ဆိုင်ကနေပြီး ထထွက်ပြေးတယ်။အဲဒါနဲ့ နောက်ကနေ လေးချက် လိုက်ပစ်တာ။တော်တော် ထိသွားတယ်။သေဖို့များတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

တင်ထွန်းအောင်သည် စစ်တပ်မှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ခွေးများကို လေ့ကျင့်သူကြားပေးခဲ့ရသူအဖြစ် ရပ်ကွက်အတွင်း လူသိများသည်။

Public Service Announcement

Public Service Announcement

၎င်းသည် အာဏသိမ်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးအလွန်အကျွံကောက်ခံသူဖြစ်ကြောင်း ရပ်ကွက်နေသူများကဆိုသည်။

“အရမ်းမချေမငံဆက်ဆံတာ။အော်လား ဟောက်လားနဲ့ အခုလို ပစ်ခံရလို့ မသေမှာပဲစိုးရိမ်တယ်”ဟု (၅)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်းကလည်း အရှေ့ဒဂုံ (၅) ရပ်ကွက်မှ စစ်ကောင်စီသတင်းပေး နာမည်ကြီး ဒလန် ကိုးချောင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။