Connect with us

Hi, what are you looking for?

သတင်း

ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်ပစ်သတ်ခဲ့တဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာ တိပ်ခွေမှာ သက်သေဖျောက်ဖျက်ခံထားရတယ်လို့ယုံကြည်ရ

ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း စစ်တပ်က ပစ်သတ်တာ ခံခဲ့ရတဲ့ ဂျပန် သတင်းထောက်ရဲ့ ဗီဒီယို ကင်မရာထဲက တိပ်ခွေဟာ သက်သေဖျောက်ဖျက်ဖို့ ပြင်ဆင် တည်းဖြတ်ခြင်း ခံထားရဟန်ရှိကြောင်း မိခင် သတင်းဌာနက ပြောပါတယ်။

ဓာတ်ပုံ - NHK/AFP

စက်တင်ဘာ-၂၅၊၂၀၂၅။People’s Spring

ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း စစ်တပ်က ပစ်သတ်တာ ခံခဲ့ရတဲ့ ဂျပန် သတင်းထောက်ရဲ့ ဗီဒီယို ကင်မရာထဲက တိပ်ခွေဟာ သက်သေဖျောက်ဖျက်ဖို့ ပြင်ဆင် တည်းဖြတ်ခြင်း ခံထားရဟန်ရှိကြောင်း မိခင် သတင်းဌာနက ပြောပါတယ်။

AFP သတင်း အေဂျင်စီရဲ့ ဂျပန် ဌာနခွဲမှာ ဓာတ်ပုံ သတင်းထောက်အဖြစ် အလုပ်လုပ်နေခဲ့တဲ့ နာဂါအီဟာ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ချီတက် ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင် အရေးအခင်းကို အနီးကပ် သတင်းယူနေရင်း စစ်တပ်က အကြမ်းဖက် ပစ်ခတ်လို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သူ့ရဲ့ ကင်မရာနဲ့ တိပ်ခွေဟာ မြန်မာ မီဒီယာ အစုအဖွဲ့တွေဆီကနေတဆင့် မိသားစုဆီ ပြန်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ တိပ်ခွေထဲမှာတော့ နာဂါအီ ပစ်ခတ်ခံရတဲ့ အပိုင်းကို ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ အဲဒီ သေဆုံးချိန်က ဗီဒီယို မှတ်တမ်း ယူနေခဲ့ပြီး တိပ်ခွေထဲမှာ အဲဒီအခိုက်အတန့်ကို ရိုက်ကူးထားမိခဲ့လိမ့်မယ်လို့ သတင်းဌာနက ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

AFPရဲ့ ဂျပန်ဌာနခွဲ အကြီးအကဲ ယာမာဂျီ တိုရူကတော့ တိပ်ခွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကို အကူအညီ တောင်းခံပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်အောင် ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ယာမာဂျီက ပစ်ခတ်မှု ဖြစ်ပွားတာကို ရိုက်ကူးထားတယ်လို့ ယုံကြည်ရလောက်တဲ့ အပိုင်းနေရာမှာ အမည်းရောင်ပုံရိပ်နဲ့ အစားထိုး ဖုံးကွယ်ထားတယ်လို့ သံသယရှိကြောင်း စွပ်စွဲ ပြောဆိုသွားပါတယ်။

ဘာကြောင့်လဲဆိုတော့ တိပ်ခွေရဲ့ အဲဒီအပိုင်းမှာတင် ရုတ်တရက် မည်းမှောင်သွားတာဖြစ်ပြီး ဗီဒီယိုရဲ့ မှတ်တမ်းတင် ရိုက်ကူးမှု ကြိမ်နှုန်းတွေကလည်း တိပ်ခွေရဲ့ တခြားအပိုင်းတွေနဲ့ ကွဲပြားနေတာကြောင့်ဖြစ်ကြောင်း သူက ဆိုပါတယ်။

နှစ် ၂၀ နီးပါးလောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် နာဂါအီ ရဲ့ သေဆုံးမှု အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ရှိနေဆဲပါ။ ဂျပန် အာဏာပိုင်တွေက နာဂါအီ ဟာ ရည်ရွယ်ချက်ရှိရှိ အနီးကပ် တေ့ပစ်ခံခဲ့ရတယ်လို့ ယူဆနေပြီး အဲဒီတုန်းက မြန်မာ စစ်အစိုးရကတော့ ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက် ခြောက်လှန့် လူစုခွဲရာကနေ နာဂါအီကို မတော်တဆ ထိမှန်သွားခဲ့တာလို့ ဖြေရှင်းထားပါတယ်။

နာဂါအီရဲ့ ညီမဖြစ်သူအိုဂါဝါ နိုရီကိုကတော့ တိပ်ခွေထဲက ဗီဒီယို မှတ်တမ်းတွေဟာ အဖြေတစ်ခုခု ထုတ်ပေးနိုင်တဲ့ အဆင့်မျိုး မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတွေ့ရှိချက်အသစ်တွေထွက်ပေါ်လာဖို့တော့မျှော်လင့်ကြောင်းသူကဖွင့်ဟသွားပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook