Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်အပြီး ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကောင်စီတပ် အင်အားတိုးချဲ့နေ

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ပုံစံငယ်

စက်တင်ဘာ – ၂၇၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အဲဒီလို စစ်ကြောင်းထိုး တပ်အင်အားတိုးချဲ့ရာမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့အနီးဆုံးဖြစ်တဲ့ နဘုလည်ရွာဘက်သို့ စစ်ကြောင်းတကြောင်း၊ ရေနက်ဆိပ်ကမ်းသို့ အဝင်လမ်းဖြစ်တဲ့ မောင်းမကန်ဘက်သို့ စစ်ကြောင်းတကြောင်းနဲ့ ရေဖြူမြို့နယ်အနောက်ဘက်ကမ်း ရပ်တော်မူဘုရားအနီးတဝိုက်မှာ အင်အားထပ်ဖြည့်တာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။

“နဘုလည်မှာ အင်အား ၁၅၀ လောက် ခန့်မှန်းရှိနိုင်တယ်။ မောင်းမကန်ဘက်ကို အခုရောက်လာတာက အင်အား ၁၂၀ ခန့်မှန်းရှိနိုင်ပါတယ်။ ရေဖြူမြို့အနောက်ဖက်ကမ်းမှာက အင်အား ၁၀၀ လောက်ရှိနိုင်တယ်။ အခုပြောတဲ့ နေရာတွေက ရေနက်ဆိပ်ကမ်းကို အလယ်မှာထားပြီးပတ်လည်ဝိုင်းထားသလိုဖြစ်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ရပ်တန့်ထားခဲ့ရသလို စီမံကိန်းဧရိယာအတွင်း စစ်တပ်က လုံခြုံရေးယူတပ်စွဲတဲ့ အဆင့်သာလုပ်ဆောင်နိုင်ပြီး အဲဒီအစောင့်တပ်တွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဝင်ရောက်တိုက်ခိုက်နေတာပါ။

“ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်စနိုင်အောင် ရေနက်ဆိပ်ကမ်းအနီးတဝိုက် နေရာတွေကို နယ်မြေရှင်းမယ့်ပုံ ရှိတယ်ဗျ။ မအလလည်းထား၀ယ်လာသွားတာ မကြာသေးဘူးဆိုတော့ ရေနက်ဆိပ်ကမ်းကိစ္စ (၎င်းရဲ့လက်အောက်ခံတွေကို) ဖိအားပေးသွားလိမ့်မယ်လို့ ယူဆရတယ်”လို့ စစ်ကောင်စီဘက်က ရေနက်ဆိပ်ကမ်းအနီး စစ်ရေးပြင်ဆင်လာတာနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်နောက်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ရေနက်ဆိပ်ကမ်းပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တွေကို ၂၀၂၅ ဖေဖော်ဝါရီမှာသွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်မှာ နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အလားတူ စက်တင်ဘာ ၁၈ ရက်ကသွားရောက်ခဲ့တဲ့ ထားဝယ်ခရီးစဥ်အပြီး တပတ်ကျော်အကြာ စက်တင်ဘာ ၂၆ ရက်မှာပဲ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး ရုရှားအဏုမြူစွမ်းအင်ကော်ပိုရေးရှင်းညွှန်ချုပ်နဲ့တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုကိုထောက်ခံတဲ့မီဒီယာတွေမှာ ဖော်ပြပါတယ်။

ရုရှားရဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှပ်နှံမယ့် နှစ်နိုင်ငံသဘောတူစာချုပ်များအရ နည်းပညာမြင့်စက်မှုဇုန်အဖြစ်အဆင့်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေး ဗဟိုချက်အဖြစ်ဆောင်ရွက်ဖို့ အပါအဝင် အိုင်တီဇုန်၊ ပို့ကုန်လုပ်ငန်းဇုန်တို့ကို ထားရှိမယ့် အစီအစဥ်တွေပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook