Connect with us

Hi, what are you looking for?

News

ကျောနှင့်ဂန့်ဂေါကြားတွင် YDFက မိုင်း၊ တူမီးတို့ဖြင့် တိုက်ခိုက်၍ စစ်ကောင်စီတပ်မ ၁၀ဦးခန့်သေဟုထုတ်ပြန်

အဆိုပါ တိုက်ခိုက်မှုတွင် YDF ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဟုဆိုသည်။ တိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သပ်၍ YDF သို့ဆက်သွယ်​မေးမြန်းရာ လတ်တ​လော​အ​သေးစိတ်ဖြေကြားရန်မရှိ​သေးဘဲ သတင်းထုတ်ပြန်ချက်အတိုင်းသာ​ဖော်ပြရန်အ​ကြောင်းပြန်သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် ကျောမြို့ အကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု YDFကယ​နေ့(နိုဝင်ဘာ ၂၄)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၃ရက် နံနက် ပိုင်းတွင် ကျောမြို့မှ ဂန်ဂေါမြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းထွက်ခွာ လာသော ဆိုင်ကယ် ၆ စီး နှင့် ကားတစ်စီးကို ပုံညာခြေရင်းတွင် YDFက တူမီးသေနတ်များ မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထား သည်။

အဆိုပါ တိုက်ခိုက်မှုတွင် YDF ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဟုဆိုသည်။ တိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သပ်၍ YDF သို့ဆက်သွယ်​မေးမြန်းရာ လတ်တ​လော​အ​သေးစိတ်ဖြေကြားရန်မရှိ​သေးဘဲ သတင်းထုတ်ပြန်ချက်အတိုင်းသာ​ဖော်ပြရန်အ​ကြောင်းပြန်သည်။

နိုဝင်ဘာ ၁၅ ရက်ကစ၍ ယောဒေသ ဖြစ်သည့် ဆော၊လောင်းရှည် နှင့် ကျောက်ထု မြို့နယ်များသို့ စစ်ကောင်စီက အင်အား တိုးချဲ့ကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် တိုက်ပွဲနှင့်နီးသော နေရာများသို့ သွားလာခြင်း မပြုလုပ်ကြရန် ပြည်သူ့တပ်ဖွဲ့များက မေတ္တာရပ်ခံထား သည်။အလားတူ လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန်လည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။