Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောနှင့်ဂန့်ဂေါကြားတွင် YDFက မိုင်း၊ တူမီးတို့ဖြင့် တိုက်ခိုက်၍ စစ်ကောင်စီတပ်မ ၁၀ဦးခန့်သေဟုထုတ်ပြန်

အဆိုပါ တိုက်ခိုက်မှုတွင် YDF ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဟုဆိုသည်။ တိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သပ်၍ YDF သို့ဆက်သွယ်​မေးမြန်းရာ လတ်တ​လော​အ​သေးစိတ်ဖြေကြားရန်မရှိ​သေးဘဲ သတင်းထုတ်ပြန်ချက်အတိုင်းသာ​ဖော်ပြရန်အ​ကြောင်းပြန်သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် ကျောမြို့ အကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု YDFကယ​နေ့(နိုဝင်ဘာ ၂၄)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၃ရက် နံနက် ပိုင်းတွင် ကျောမြို့မှ ဂန်ဂေါမြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းထွက်ခွာ လာသော ဆိုင်ကယ် ၆ စီး နှင့် ကားတစ်စီးကို ပုံညာခြေရင်းတွင် YDFက တူမီးသေနတ်များ မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထား သည်။

အဆိုပါ တိုက်ခိုက်မှုတွင် YDF ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဟုဆိုသည်။ တိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သပ်၍ YDF သို့ဆက်သွယ်​မေးမြန်းရာ လတ်တ​လော​အ​သေးစိတ်ဖြေကြားရန်မရှိ​သေးဘဲ သတင်းထုတ်ပြန်ချက်အတိုင်းသာ​ဖော်ပြရန်အ​ကြောင်းပြန်သည်။

နိုဝင်ဘာ ၁၅ ရက်ကစ၍ ယောဒေသ ဖြစ်သည့် ဆော၊လောင်းရှည် နှင့် ကျောက်ထု မြို့နယ်များသို့ စစ်ကောင်စီက အင်အား တိုးချဲ့ကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် တိုက်ပွဲနှင့်နီးသော နေရာများသို့ သွားလာခြင်း မပြုလုပ်ကြရန် ပြည်သူ့တပ်ဖွဲ့များက မေတ္တာရပ်ခံထား သည်။အလားတူ လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန်လည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။