Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ၊နဲ့နောက်ချိုက ပြန်ဆုတ်​ပေးခဲ့ရတာကိုသင်ခန်းစာယူပြီး ​ဆောင်ရွက်မယ်လို့TNLA​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

TNLA တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-TNLA

အောက်တိုဘာ-၂၊၂၀၂၅။People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

တစ်နှစ်​ကျော် သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ ကျောက်မဲမြို့ကနေ TNLAတပ်တွေ ​အောက်တိုဘာ ၁ ရက်​​နေ့မှာဆုတ်ခွာပေးလိုက်ရအပြီး နောက်တရက်ဖြစ်တဲ့အောက်တိုဘာ ၂ ရက်မှာ People’s Spring ရဲ့ဆက်သွယ်မေးမြန်းမှုအ​ပေါ် (TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောကြားတာ ဖြစ်ပါတယ်။

“သင်ခန်းစာကတော့ အများကြီးရပါတယ်။အများကြီးဆိုတဲ့ တိုက်ပွဲနဲ့ တချို့ဟာတွေက အားလုံးလည်း သူ့ထင်မြင်ယူဆချက်နဲ့ ရေးနေတာမျိုးတွေ ရှိတယ်။ တချို့ကလည်း စာတွေ ပေးပို့ပြီးတော့မှ ရေးသားတာ မျိုးတွေရှိပါတယ်။ကျွန်မတို့ ဘက်ကလည်း သင်ခန်းစာတွေကတော့ ရယူပြီးတော့မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက် တွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLA အ​နေနဲ့ ၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်းမှာ မဟာမိတ်တပ်​တွေနဲ့အတူ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့ကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာချိန်မှာ ဟန်ပြပဲတိုက်ခဲ့တာ မဟုတ်ဘူးလို့လည်း TNLAက ပြောပါတယ်။ အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးသဘောတူညီမှုလည်း ရှိမထားဘူးလို့သူကဆက်​ပြောပါတယ်။

လက်တလောမှာ ကျောက်မဲနဲ့ နောင်ချိုကို ယာယီဆုတ်ပေးလိုက်ရသာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာ လည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့သူကတော့ စစ်ရေးမှာ အနိုင်ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည်ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး”လို့ လွေးယေဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။