Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာတိုက်ပွဲပြင်းထန်၊ စစ်တပ်က ဗုံးကြဲ

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

​ရှေ့တန်း တ​နေရာမှ KIA တပ်ဖွဲ့ဝင်​တွေ (ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-Screen grab

​အောက်တိုဘာ-၉၊၂၀၂၅။လူအေး/People’s Spring

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

နမ့်မဖြစ်ကျေးရွာအုပ်စုမှာပါတဲ့ မလန်းကျေးရွာမှာ စစ်တပ် နဲ့ KIA၊KPDF ပူးပေါင်းတပ် အနီးကပ်တိုက်ပွဲဖြစ်ပွား​နေတုန်းမှာအောက်တိုဘာလ၉ရက်နေ့လယ်၁၂နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မြေပြင်မှာက တိုက်ပွဲတော်တော်ကိုပြင်းထန်နေတာပါ။အရပ်သားတွေလည်းလွတ်ရာကိုပြေးနေကြရတယ်။စကစ စစ်ကြောင်းက အထိနာသလို နှစ်ဖက်စလုံး ကျဆုံးမှုတွေရှိတယ်။ လေကြောင်းကလာပစ်ကူရတဲ့အထိ တိုက်ပွဲပြင်းနေတာ” လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိကို ​တော့မသိရသေးပါဘူး။

လက်ရှိမှာဖားကန့်အပြင် ဗန်းမော်မှာလည်း စစ်တပ်နဲ့ KIAပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှု များနေတယ်လို့ သတင်းရရှိပါတယ်။

ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေသလို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ စစ်​ကောင်စီကဖားကန့်မြို့နယ်အတွင်း လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ ၄ နာရီအထိ အပြင်မထွက်ဖို့ ထုတ်ပြန်ထားပါတယ်။

KIAကတော့ ဒေသခံတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ မကြာခဏသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။