အောက်တိုဘာ-၉၊၂၀၂၅။လူအေး/People’s Spring
ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
နမ့်မဖြစ်ကျေးရွာအုပ်စုမှာပါတဲ့ မလန်းကျေးရွာမှာ စစ်တပ် နဲ့ KIA၊KPDF ပူးပေါင်းတပ် အနီးကပ်တိုက်ပွဲဖြစ်ပွားနေတုန်းမှာအောက်တိုဘာလ၉ရက်နေ့လယ်၁၂နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ မြေပြင်မှာက တိုက်ပွဲတော်တော်ကိုပြင်းထန်နေတာပါ။အရပ်သားတွေလည်းလွတ်ရာကိုပြေးနေကြရတယ်။စကစ စစ်ကြောင်းက အထိနာသလို နှစ်ဖက်စလုံး ကျဆုံးမှုတွေရှိတယ်။ လေကြောင်းကလာပစ်ကူရတဲ့အထိ တိုက်ပွဲပြင်းနေတာ” လို့ ၎င်းကပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိကို တော့မသိရသေးပါဘူး။
လက်ရှိမှာဖားကန့်အပြင် ဗန်းမော်မှာလည်း စစ်တပ်နဲ့ KIAပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှု များနေတယ်လို့ သတင်းရရှိပါတယ်။
ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေသလို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ စစ်ကောင်စီကဖားကန့်မြို့နယ်အတွင်း လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ ၄ နာရီအထိ အပြင်မထွက်ဖို့ ထုတ်ပြန်ထားပါတယ်။
KIAကတော့ ဒေသခံတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ မကြာခဏသတိပေးထားပါတယ်။

















































