Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်မှာစစ်တပ်ကညပိုင်းမှာ ရွာတွေကိလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူအများအပြား ထွက်ပြေးနေရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၁၀၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ည ၉ နာရီဝန်း ကျင်က ကြို့ပင်ကောက်မြို့နယ်ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတခုဟာ မအူတန်းရွာနဲ့ ကိုင်းကြီးရွာတွေနားကိုရောက်လာပြီး ပဲခူးရိုးမအနီးတည်ရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့(၈)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံ​တချို့က​ပြောပါတယ်။

“တောတိုးလေးဆိုတဲ့ ရွာဘက်ကို ပစ်နေတာဗျ။ မအူတန်းနဲ့ ကိုင်းကြီးဘက်ကနေ ရမ်းထုနေတာ” လို့ ယမန်နေ့ညပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တဲ့အခြေအနေကို စစ်ရေးသတင်းရင်း မြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာအတွင်းဝင်ရောက်မှုတွေကြောင့် ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ စံပြထွက်တိုး၊ ဒေါင်းစပါးကွင်းနှင့် သရက်တော စတဲ့ကျေးရွာများမှ ဒေသခံပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်သားတွေဟာ အုတ်ဖိုမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကြို့ပင်ကောက်မြို့နယ်ထဲက ဆင်ကူးရွာဘက်ကို ပြန်ဆုတ်သွားကြပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ရောက်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ စုံ စမ်းသိရပါတယ်။

ဒါ့အပြင် အုတ်ဖိုမြို့ပေါ်နဲ့ ပဲခူးရိုးမကြားမှာတည်ရှိတဲ့ သဲကောရွာနှင့် သဖန်းပင်ဆိပ်ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ လာရောက်အထိုင်ချထားတာကြောင့် အဲဒီကျေးရွာတွေနဲ့ အနီးဝန်း ကျင်မှ ပြည်သူတွေဟာ ပစ်ခတ်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှု​ကြောင့် ပြည်သူ့နေအိမ်တွေထိခိုက်မှုရှိမရှိနဲ့ ပြည်သူထိခိုက်မှုရှိမရှိ စတဲ့အခြေအနေအပြည့်အစုံကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။