Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်မှာစစ်တပ်ကညပိုင်းမှာ ရွာတွေကိလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူအများအပြား ထွက်ပြေးနေရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၁၀၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ည ၉ နာရီဝန်း ကျင်က ကြို့ပင်ကောက်မြို့နယ်ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတခုဟာ မအူတန်းရွာနဲ့ ကိုင်းကြီးရွာတွေနားကိုရောက်လာပြီး ပဲခူးရိုးမအနီးတည်ရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့(၈)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံ​တချို့က​ပြောပါတယ်။

“တောတိုးလေးဆိုတဲ့ ရွာဘက်ကို ပစ်နေတာဗျ။ မအူတန်းနဲ့ ကိုင်းကြီးဘက်ကနေ ရမ်းထုနေတာ” လို့ ယမန်နေ့ညပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တဲ့အခြေအနေကို စစ်ရေးသတင်းရင်း မြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာအတွင်းဝင်ရောက်မှုတွေကြောင့် ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ စံပြထွက်တိုး၊ ဒေါင်းစပါးကွင်းနှင့် သရက်တော စတဲ့ကျေးရွာများမှ ဒေသခံပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်သားတွေဟာ အုတ်ဖိုမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကြို့ပင်ကောက်မြို့နယ်ထဲက ဆင်ကူးရွာဘက်ကို ပြန်ဆုတ်သွားကြပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ရောက်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ စုံ စမ်းသိရပါတယ်။

ဒါ့အပြင် အုတ်ဖိုမြို့ပေါ်နဲ့ ပဲခူးရိုးမကြားမှာတည်ရှိတဲ့ သဲကောရွာနှင့် သဖန်းပင်ဆိပ်ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ လာရောက်အထိုင်ချထားတာကြောင့် အဲဒီကျေးရွာတွေနဲ့ အနီးဝန်း ကျင်မှ ပြည်သူတွေဟာ ပစ်ခတ်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှု​ကြောင့် ပြည်သူ့နေအိမ်တွေထိခိုက်မှုရှိမရှိနဲ့ ပြည်သူထိခိုက်မှုရှိမရှိ စတဲ့အခြေအနေအပြည့်အစုံကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။