Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးဆီမီးထွန်းပွဲမှာ ကျဆုံးခဲ့တဲ့ BLDF စစ်ဒေသ(၃) တာဝန်ခံရဲ့ စျာပန

ချောင်းဦးမြို့နယ်၊ဆီမီးထွန်းပွဲမှာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)ရဲ့ စစ်ဒေသ (၃)တာဝန်ခံရဲဘော်ဘုန်းမြင့်ဇော်(ခ)ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကိုမနေ့ပြုလုပ်ခဲ့ပါတယ်။

စျာပန ကျင်းပနေစဥ်။ ဓာတ်ပုံ-BLDF

အောက်တိုဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

ချောင်းဦးမြို့နယ်၊ဆီမီးထွန်းပွဲမှာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)ရဲ့ စစ်ဒေသ (၃)တာဝန်ခံရဲဘော်ဘုန်းမြင့်ဇော်(ခ)ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကိုမနေ့ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်(သီတင်းကျွတ်လပြည့်) ညကမုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တနေရာမှာ ပြုလုပ်ခဲ့တဲ့ ဆီမီးထွန်းပွဲကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့BLDF ထုတ်ပြန်ချက်ပါတယ်။

အဲဒီပွဲကိုရောက်ရှိနေခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)ရဲ့စစ်ဒေသ(၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော်(ခ)ရဲဘော်တည်ကြည်လည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး၃ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့၊ မနက်၃ နာရီမှာ ကျဆုံးသွားခဲ့တယ်လို့​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသ တစ်နေရာမှာ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သီတင်းကျွတ် ဆီမီးထွန်းပွဲဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တာနဲ့အညီ ဘာသာရေးဓလေ့ထုံးတမ်းအစဉ်အလာအရ သပိတ်ကော်မတီများနဲ့ ပြည်သူလူထု ပူးပေါင်းပြီး ကျင်းပခဲ့ကြတာဖြစ်တယ်လို့ BLDF က အသိပေးပါတယ်။

ဈာပနအခမ်းအနားသို့ ပြည်သူတွေနဲ့အတူ BLDF ဗဟိုကော်မတီဝင်များ၊ BLDF ဌာနအသီးသီးနဲ့စစ်ဒေသအသီးသီးမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(PDF) ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊တော်လှန်သပိတ်အင်အားစုများ၊ CDM များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)များအပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရဲဘော်များအပါအဝင် ပြည်သူလူထုကပါ တက်ရောက်ကာ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ