Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ တစ်လအတွင်း YBS ကား ၃ စီး မီးလောင်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတံတားအဆင်းမှာ နိုဝင်ဘာ၂၇ရက် ညနေပိုင်းက YBSကားတစ်စီးမီးလောင်မှုဖြစ်ခဲ့ပြီး ရက် ၃၀အတွင်း YBS ကား ၃စီးအထိ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၇၊ ၂၀၂၆။အရုဏ်ဦး/People’s Spring

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတံတားအဆင်းမှာ နိုဝင်ဘာ၂၇ရက် ညနေပိုင်းက YBSကားတစ်စီးမီးလောင်မှုဖြစ်ခဲ့ပြီး ရက် ၃၀အတွင်း YBS ကား ၃စီးအထိ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊အောင်ဆုပန်ရပ်ကွက်အပိုင်တံတားအဆင်းမှာ ကားမီးလောင်မှုဖြစ်ခဲ့လို့ အဲဒီမြို့ နယ်မီးသတ်ကား၂စီးနဲ့ သာကေတမြို့နယ်က မီးသတ်ကား ၁စီး ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သုဝဏ္ဏလမ်းဆုံအနီး စျေးဆိုင်ဖွင့်ထားသူတစ်ဦးက ” လူအထိအခိုက်တော့မတွေ့ဘူး၊ ကားကတော့ရစရာ မရှိတော့ဘူး ” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်အမြန်လမ်းမှာ နိုဝင်ဘာ ၉ရက် ​နေ့လယ်ပိုင်းက YBS ကား တစ်စီးမီးလောင်မူဖြစ်ခဲ့သလို အောက်တိုဘာ ၃၀ရက်မနက်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်မှာ နောက်ထက်YBS ကား မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အခုမီးလောင်မှုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဇူလိုင် ၃၀ရက်က စံပြစျေးအနီး၊ပြည်ထောင်စုတံတားပေါ်မှာ YBS ကား ဂက်အိုးပွင့်ပြီး မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

“ကားတွေက လက်ပူတိုက်သုံးနေရတော့ ကြာလာတာနဲ့အမျှမရတော့ဘူး၊ လူအထိအခိုက်မရှိရင်ကိုတော်သေးတယ် ” လို့ YBSဘတ်စ်ကားအများပိုင်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က YBS ကားမီးလောင်မှုဖြစ်စဥ်မှာ အခုနှစ်အတွင်း အရေအတွက် တစ်ဒါဇင်ထက်မနည်းရှိခဲ့သလို အိမ်စီးကားနဲ့ တက္ကစီကားမီးလောင်မှုတွေလည်း မကြာခဏဖြစ်နေခဲ့တာကို မီးသတ်ဌာနရဲ့အ ချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားစနစ်ကို၂၀၁၇မှာစတင်ခဲ့ပြီး စစချင်းမှာ ဘတ်စ်ကားအသစ်အချို့အစား ထိုးဖြည့်သွင်းပြေးဆွဲခဲ့ပေမယ့်နောက်ပိုင်း ထပ်အစားမထိုးနိုင်တော့ပဲ ရှိရင်းစွဲ ဘတ်စ်ကားတွေကိုလက်ပူတိုက်ပြင်ဆင်ပြေးဆွဲနေရတာလို့ ဘတ်စ်ကားလောကသားတွေက ပြောပါတယ်။

လက်ရှိမှာ YBS ဘတ်စ်ကားတွေရဲ့ကြံ့ခိုင်မှုပိုင်းမကောင်းတော့လို့ ယာဥ်စီးရေပြည့်အောင်မပြေးဆွဲနိုင်ပဲအစီးရေ ရာဂဏန်းလောက်က နေ့စဥ်ပြင်ဆင်နေရတယ်ဆိုပြီး စစ်တပ်ရဲ့ နယ်လုံဝန်ကြီးတာဝန်ယူခဲ့သူဗိုလ်မှူးကြီးဝင်းတင့်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ