Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်

စစ်သား ၆ဦးသေ၊ သေနတ် ၁ လက်ရဟု ထနောင်းမြေစစ်ကြောင်း ထုတ်ပြန်

စစ်သား ၆ဦးသေ၊ သေနတ် ၁ လက်ရဟု ထနောင်းမြေစစ်ကြောင်း ထုတ်ပြန်

နိုဝင်ဘာ၂၇-၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ အေးရွာ(အေးမြသီတာရွာ)ရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူး ပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး သေနတ် ၁လက်သိမ်းဆည်းရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၂၅ ရက်က မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက် မြင်းခြံတက္ကသိုလ်အနီးရှိ အေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူး ပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၆ဦး သေဆုံးကာ ရုပ်အလောင်း၄ လောင်းရခဲ့ပြီး သေနတ် ၁လက်သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်အားလုံး အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်သား အလောင်း၂လောင်း သယ်သွားတာကိုလည်း မြင်လိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“ဒီဂိတ်ထိုင်တာ ၃လလောက်ပဲရှိသေးတယ်။မြို့နဲ့နီးတော့ မြို့အစောင့်ပုံစံမျိုး ချထားတာ ပေါ့။ဒီရွာမှာ ဒီစခန်းတခုပဲရှိတာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စခန်းတိုက်ခိုက်ခံရပြီးနောက် ဆိပ်ဉာဏ်ဆိပ်ကမ်းကအစောင့် စစ်တပ်သ‌‌င်္ဘောက မနေ့ကညပိုင်းမှာ ‌‌‌‌‌ဆိပ်ကမ်းကပ်ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်တာက ဓားကျွန်းတို့တဇောင်းတို့ရွာ တွေဘက်ကိုပစ်တာ။အိမ်တွေ ပျက်စီးမှုတော့ရှိတယ်။ မနေ့က ည၇နာရီလောက်မှာ တောက်လျှောက်ရမ်းသမ်းပစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစခန်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံခရိုင်တပ်ရင်း (၁)၊မြင်းခြံခရိုင်တပ်ရင်း(၂)၊မြင်းခြံခရိုင်တပ်ရင်း(၉)၊TFM ပျောက်ကြားတပ်ဖွဲ့၊MPDF၊MGNအညာသား ပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ