Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတိုက်ပွဲ စစ်တပ်မှဗိုလ်ကြီး အပါအဝင် ၂ဦးသေ ၊၁ဦးဖမ်းမိ

လက်နက်မျိုးစုံ ၁၀လက်ကျော်၊ခဲယမ်းနဲ့ ကားသိမ်းရဟု PDF ထုတ်ပြန်

( အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၇)မှPDF ​တွေရဲ့​ပြောက်ကျားတိုက်ခိုက်မှုအပြီး​တွေ့ရစဥ်။ဓါတ်ပုံ-နည်းဗျူဟာ-၃၇ )

နိုဝင်ဘာ-၂၇၊၂၀၂၆။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ဇီးပြောင်းရွာအနီးဝန်းကျင် တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိ အပါဝင် သေဆုံးမှု ရှိခဲ့ပြီး လက်နက်မျိုးစုံ ၁၀ လက်ထက်မနည်း၊ ခဲယမ်းတွေနဲ့ ကား၁စီး သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၇)ကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၀ရက်က နည်းဗျူဟာ ၃၇နဲ့ ကညှင်အိုင်ကျေးနယ်တို့ ပူးပေါင်းပြီး ပြောက်ကျား စစ်ဆင်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မှတ်တမ်းတွေဖြစ်ကြောင်း သိမ်းရတဲ့ကား၊ စစ်တပ်က ဗိုလ်ကြီး ရဲ့ ရုပ်အလောင်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေရဲ့ မှတ်တမ်းကို ဖော်ပြထားတာပါ။

သေဆုံးခဲ့တဲ့ စစ်တပ်အရာရှိဟာ အမှတ်(၇၀၄) ခြေမြန်တပ်ရင်းက ဗိုလ်ကြီး ဇေယျာထက် ဖြစ်ပြီးအခြားတဦးလည်း သေဆုံးခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

သိမ်းရတဲ့ကား နဲ့လက်နက်မျိုးစုံ၁၀လက်ထက်မနည်း နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်းမှတ်တမ်းပုံတွေနဲ့တကွ နိုဝင်ဘာ ၂၇ရက်မှာထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့လို့ KNLAနဲ့ PDF စခန်းအချို့ နေရာရွေ့ရပေမဲ့ နောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာစစ်တပ်အထိနာခဲ့ပါတယ်။ စစ်တပ်ကတော့ အထူးတိုင်းစစ်ဌာနနဲ့ KNLA တပ်ရင်း ဌာနချုပ် စခန်း စတာတွေ သိမ်းရကြောင်း ဝါဒဖြန်ခဲ့ပေမဲ့တော်လှန်ရေးသတင်းရင်းမြစ်တွေကတော့ စစ်တပ်ဟာ သတင်းမှားတွေသုံးဝါဒဖြန့်ခဲ့တာဖြစ်ပြီး ထိုးစစ်အတွင်း စစ်တပ်ဘက်က အထိနာခဲ့ကြောင်း ပြောထားပါတယ်။

ဆက်စပ်သတင်းများ