Connect with us

Hi, what are you looking for?

သတင်း

ICJ စီရင်ချက်လက်မခံဖို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတုဖန်တီး ဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် ထွက်လာတယ်လို့ အသံတုနဲ့ဖန်တီးထားတဲ့ အသံဖိုင်ကို စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ နိုဝင်ဘာ ၂၇ရက်က ဖြန့်ဝေနေပါတယ်။

နိုဝင်ဘာ ၂၇၊၂၀၂၆။ ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် ထွက်လာတယ်လို့ အသံတုနဲ့ဖန်တီးထားတဲ့ အသံဖိုင်ကို စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ နိုဝင်ဘာ ၂၇ရက်က ဖြန့်ဝေနေပါတယ်။

အဲဒီ အသံဖိုင်တုမှာ ICJ စီရင်ချက် လက်မခံဘဲ ညီညွတ်ရမယ် ၊ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းရမယ်စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ပုံစံ အသံတုကို AI နည်းပညာနဲ့ အသုံးပြု ဖန်တီးဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။

အဲဒီလို အာဏာသိမ်းစစ်တပ်ဘက်က အသံဖိုင်တု ဖြန့်ဝေလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြန်လည်ရှင်းလင်းခဲ့ပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ အသံဖိုင်ကို စစ်ဆေးလေ့လာကြည့်ရာမှာ AI မှန်းမရိပ်မိအောင် သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်နေတာတွေ့ရကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် အသုံးပြု ဝါဒဖြန်ခဲ့တာမျိုးရှိပြီး ဒီတခါကတော့ အရင်လို အသံတုမျိုးမဟုတ်ဘဲ သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်အောင် လုပ်ဆောင်ထားတာလို့ဆိုပါတယ်။

အသံဖိုင် အတု ၂ခု မှာ တစ်ခုက တီးလုံးပါပြီး နောက်တစ်ခုက တီးလုံး မပါကြောင်း ရှင်းပြပါတယ်။

တီးလုံးပါတဲ့ အသံဖိုင်မှာ နောက်ခံတီးလုံးက AI အသံ (အဖြတ်အတောက်၊ စက်သံ )ကို ဖုံးဖို့အတွက် သေသေချာချာညှိပြီး ထည့်ထားတာလို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

ရပ်တန့်ချိန်များ တစ်ပုံစံတည်း ဖြစ်နေတာကို ဦးနေဘုန်းလတ်က ထောက်ပြထားပြီး ၂ မိနစ်နဲ့ ၃၇ စက္ကန့် အတွင်း စကားရပ်တဲ့အကြိမ် ၅၇ ကြိမ်ရှိကြောင်း၊ အားလုံးနီးပါးက ၀ဒသမ ၃ စက္ကန့်ဝန်းကျင်မှာပဲ တစ်သမတ်တည်း ဖြစ်နေကာ ၈၉ ရာခိုင်နှုန်း ဆက်တိုက်ပြောသွားကြောင်း ရှင်းပြပါတယ်။

“ ဒါက AI Text-to-Speech ရဲ့ ပုဒ်ဖြတ်ရပ်တန့်ပုံ လက္ခဏာပါ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စကားတစ်ကြောင်းနဲ့တစ်ကြောင်းကြား ရပ်လိုက်တိုင်း လူအစစ်အသံသွင်းရင် ကျန်နေတတ်တဲ့ အခန်းသံ၊ မိုက်ခရိုဖုန်းသံ လုံးဝမရှိဘဲ ရပ်တန့်ချိန် `၃၀ ဒသမ ၈ရာခိုင်နှုန်းဟာ လုံးဝအသံတိတ် (digital zero နီးပါး) အထိ ပြတ်ကျသွားကြောင်း ရှင်းပြထားပါတယ်။

ဒါ့အပြင် အသက်ရှူသံမပါဘဲ စက်သံလက္ခဏာ ပါနေခြင်းကြောင်းလည်းရှင်းပြပါတယ်။ စကားစပြောခါနီး ၄၇ နေရာကို စစ်ကြည့်ရာမှာ အသက်ရှူသံလက္ခဏာ မရှိသလောက်ဖြစ်ပြီး ဝါကျအဆုံးတွေနဲ့ သရသံရှည်တွေမှာ ချောမွေ့လွန်းတဲ့ TTS စက်သံနဲ့ တစ်သမတ်တည်း စည်းချက်ကို သိသိသာသာ ကြားရကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားအကျဉ်းချခံထားရဆဲ အခြေအနေကိုလည်း ဦးနေဘုန်းလတ်က ထောက်ပြထားပါတယ်။

“ နောက်ဆုံးအနေနဲ့ သတိပြုသင့်တာကတော့ လက်ရှိအခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းချခြင်းကိုခံထားရဆဲဖြစ်ပြီး အခုလို အသံနဲ့ ပြည်သူလူထုကို စကားပြောနိုင်တဲ့ အခြေအနေမျိုး မှာ မဟုတ်ဘူးဆိုတာပါပဲ။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

နောက်ပိုင်း AI တွေဟာ ပိုမိုတိုးတက်လာဦးမှာဖြစ်တဲ့အပြင် အကြမ်းဖက်စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုကို သတင်းတု၊ သတင်းမှားတွေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဦးမှာမို့ အထူးသတိထားကြဖို့ လည်း ဦးနေဘုန်းလတ်က သတိပေးပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အာဏာသိမ်းစစ်အုပ်စုဟာ ICJ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အမှုတွဲဖို့ ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောပြထားပါတယ်။ ICJ စီရင်ချက်ဟာ ကျူးလွန်တဲ့ စစ်အုပ်စုကို အရေးယူဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့ စစ်အုပ်စုက ပြည်သူတွေကို အမှုတွဲဖို့ ကြိုးစားနေတာလို့ ဝန်ကြီးက ပြောပါတယ်။

“ပြစ်မှုထင်ရှားနေတယ်ဘယ်သူက ကျူးလွန်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားကို မင်းတို့နဲ့လည်းဆိုင်တယ် ဒီဟာကျတော့မှ ပေါ့နော် “လို့ ဒေါ်ဇင်မာအောင်က စစ်တပ်က လူထုကို အမှုတွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ရှင်းလင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှုအပေါ်၊ လူသားဆန်မှုအပေါ် ရပ်တည်ဖို့ သာအရေးကြီးတယ်လို့ လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ