Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနယ် ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက ပြည်သူ ၁၇ဦးထက်မနည်း သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ ၃၃စစ်ကြောင်းဟာ ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ ၃၃စစ်ကြောင်းဟာ ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ ၃၃စစ်ကြောင်းဟာ ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၄ရက် မနက်ပိုင်းမှစတင်ကာ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက် မှတဆင့် ကောလင်းမြို့နယ်အရှေ့ခြမ်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ အင်အားအလုံးအရင်းနဲ့ ဝင်လာကာ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်မှုများအတွင်း ကျေးရွာအချို့မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကာ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင် ၁၇ဦးကျော်ကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့မှုများရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပအဖက ထုတ်ပြန်ပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ပြည်သူပိုင် ပစ္စည်းအများအပြားကိုလည်း အတင်းအဓမ္မ ယူငင်သွားခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်အရှေ့ခြမ်း ညောင်ပင်သာရွာက အမျိုးသမီးတစ်ဦးအပါအဝင် ၄ဦး၊ ဂွေ့ကုန်းမှာ ၃ဦးနဲ့ ဥတုံးပင်ရွာ၊ တောင်ပုံရွာ၊ ညောင်ကုန်းရွာတို့က ပြည်သူတွေ သတ်ဖြတ်ခံထားရပြီး ‌‌ ဥတုံးပင်နဲ့ တောင်ပုံရွာတို့မှာ အလောင်းအများအပြားကို တွေ့ခဲ့ရတာလို့ သိရပါတယ်။

“အခုထိလည်း ရွာတချို့မှာ အထိုင်စခန်းတွေရှိသေးတယ်။ ကားလမ်းတွေလည်းပြန်မဖွင့်သေးဘူး။ သတ်တာကလည်း တွေ့သမျှကို အကုန်သတ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း အင်းတော်–ဝန်းသို–ကောလင်း–ကျွန်းလှ–ကန့်ဘလူ လမ်းကြောင်းနဲ့ အင်းတော်–ကျောက်တန်း–စပ္ပါယ်နံသာ လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၀ ရက်မှာ ကန့်ဘလူမြို့အထိ ရောက်ရှိပြီး လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အဲဒီစစ်ကြောင်းဟာ ကန့်ဘလူမြို့၆၀၀၆ တပ်ကို ပြန်ဝင်ချိန် တပ်အင်အားပြုန်းတီးနေပြီး ဒဏ်ရာရသူတွေကို Mi-17ရဟတ်ယာဉ်နဲ့ ရွှေဘိုဆေးရုံကို ပို့ထားသလို တပ်အချို့ကို သပိတ်ကျင်းမြို့နယ် တွင်းငယ်(တတက-၁၃)ထဲကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ