Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ICJမှာခုခံလျှောက်လဲခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့မဟုတ်ဘဲဒီမိုက​ရေစီကိုကာကွယ်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်းသားဖြစ်သူပြော

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံလျှောက်လဲပေးခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့ လုံးဝမဟုတ်ဘဲသူ့မိခင်ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းနုနယ်​တဲ့ နိုင်ငံ့ရဲ့ဒီမိုက​ရေစီကိုကာကွယ်ဖို့သာဖြစ်ကြောင်းသားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားပါတယ်။

(၂၀၁၉ ဒီဇင်ဘာလမှာ ​ဒေါ်​အောင်ဆန်းစုကြည်က ICJ မှာ ခုခံ​လျှောက်လဲခဲ့စဥ်။ ဓါတ်ပုံ-UN )

နိုဝင်ဘာ-၂၇၊၂၀၂၆။People’s Spring

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံလျှောက်လဲပေးခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့ လုံးဝမဟုတ်ဘဲသူ့မိခင်ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းနုနယ်​တဲ့ နိုင်ငံ့ရဲ့ဒီမိုက​ရေစီကိုကာကွယ်ဖို့သာဖြစ်ကြောင်းသားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားပါတယ်။

Euronewsရဲ့ The World Conversation အစီအစဉ်မှာတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်)က ၂၀၁၉ ခုနှစ်တုန်းကသူ့မိခင်ရဲ့ သည်ဟိဂ်မြို့ ခရီးစဉ်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ မိခင်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ဟိဂ်မြို့ဆီ သွားခဲ့တာ လုံးဝ မဟုတ်ကြောင်း၊ မိခင်ဖြစ်သူဟာ အရမ်းနုနယ်ပြီး ထိလွယ်ရှလွယ် အဆင့်မှာသာ ရှိနေသေးတဲ့ ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်ကြောင်း၊ စစ်တပ်ဟာ ဒီမိုကရေစီကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တဲ့ အင်အား ရှိခဲ့ကြောင်း၊ တကယ်လည်း ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကိုထိန်လင်းက ဆက်​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူမဟာ စစ်တပ်ကို ကာကွယ်ဖို့ သည်ဟိတ်ကို သွားခဲ့တယ်လို့ သူတို့ပြောကြတယ်။ အဲဒါ လုံးဝမမှန်ပါဘူး။ သူမဟာ အချိန်မရွေး စစ်တပ်က ဖြိုဖျက်ပစ်နိုင်တဲ့ အလွန်အမင်း အားနည်းပြီး မတည်ငြိမ်တဲ့ ဒီမိုကရေစီကို ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ စစ်တပ်က အဲဒီလို ဖြိုဖျက်ခဲ့ပြီးပါပြီ” လို့ ကင်မ်ကပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်အာဏာသိမ်းမှု မတိုင်ခင်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာ အစိုးရရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရှိနေချိန်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားခွင်ဆီ သွားရောက်ပြီး မြန်မာအပေါ် လူမျိုးသုဉ်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ခုခံ လျှောက်လဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ICJက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း စီရင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က​တော့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ကတည်းကအာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက်မှာ နှစ်ရှည်လများ ဆက်ပြီးတော့ရှိနေဆဲပါ။

ဒါ့အပြင် ကင်မ်က မိခင်ဖမ်းဆီး​ထောင်ချခံထားရပြီး ငါးနှစ်​ကျော် အကြာမှာ မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။ မိခင်ရဲ့ အသံကို ပြန်ကြားခွင့် ရခဲ့လို အရမ်းဝမ်းသာပြီး စိတ်သက်သာရာရခဲ့တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးထဲမှာ ဝန်ခံထားပါတယ်။ ဒါပေမဲ့ စစ်တပ် ဘာလုပ်ချင်နေသလဲဆိုတဲ့ ရည်ရွယ်ချက်အပေါ် သံသယ ဝင်နေဆဲ ဖြစ်သလို အသက် ၈၁ နှစ်အရွယ် မိခင်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူမိကြောင်း ဆက်​ပြောပါတယ်။

အမေရဲ့အသံကို ပြန်ကြားရလို့ ဝမ်းသာခဲ့ကြောင်း၊ အချိန်တွေ အများကြီး ကြာပြီးမှ မိခင်ဖြစ်သူ အသက်ရှင်ပြီး ကျန်းကျန်းမာမာ ရှိနေတာကို အတည်ပြုနိုင်လို့ စိတ်သက်သာရာ ရမိခဲ့ကြောင်း သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တကယ်ရော အသက်ရှင်နေသေးရဲ့လား ဆိုတာကိုတောင် မိသားစု အနေနဲ့ သိခွင့်မရခဲ့ကြောင်း ကိုထိန်လင်းက ဖွင့်ဟခဲ့ပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ပြောပေမယ့် သူနားလည်သလောက်တော့ မိခင်ဖြစ်သူဟာသူ့နေအိမ်မှာ ရှိမနေကြောင်းလည်း ကိုထိန်လင်းကပြောပါတယ်။ပြီးတော့ စစ်တပ် ဆရာဝန်၊ ရဲတွေနဲ့ကလွဲရင် ဘယ်သူနဲ့မှလည်း ထိတွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။ဖုန်းပြောတော့မိခင်ဖြစ်သူကကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရဲ့လားလို့သူ့ကိုအရင်ဆုံး မေးခဲ့တယ်လို့လည်း ကိုထိန်လင်းက ပြောပြခဲ့ပါတယ်။

သူ့ရဲ့မိခင်ကိုနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ပေးခဲ့တယ် ဆိုတာကလည်း စစ်တပ်က နိုင်ငံတကာ အမြင်မှာ သဘောထား ပျော့ပျောင်းလာတယ်ဆိုတဲ့ ပုံရိပ်တစ်ခု တည်ဆောက်ချင်လို့သာဖြစ်နိုင်ကြောင်းသူကသုံးသပ်ခဲ့ပြီး စစ်တပ်အပေါ် နိုင်ငံတကာဖိအားပေးမှုတွေ ဆက်လက် တင်းကျပ်ထားဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ သူ့မိခင်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ မယုံကြည်ကြောင်း၊ နောက်ထပ် ၁၀ နှစ်အတွင်း မြန်မာ့ ပြည်တွင်းစစ် ပြီးဆုံးပြီး ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်း ကိုထိန်လင်းက ဆိုပါတယ်။

သူ့မိခင်ဟာနိုင်ငံရေးမှာတစ်နည်းနည်းနဲ့ ဆက်ပြီး ပါဝင်နေဦးမယ် ဆိုတာကို သိနေကြောင်း၊ ဒါပေမဲ့သူ့ရဲ့ ဆန္ဒအရဆိုရင်တော့မိခင်ကို နိုင်ငံရေးကနေ နည်းနည်းအနားယူပြီးကိုယ့်ကျန်းမာရေးကိုယ် ပိုဂရုစိုက်စေချင်ကြောင်းကိုထိန်လင်းက ပြောကြားသွားပါတယ်။

ကိုးကား: Euronews

ဆက်စပ်သတင်းများ