Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူအခြေစိုက် ပီဇာကုမ္ပဏီ Pezzo လည်း ပြန်လည်ထွက်ခွာ

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီကနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

နို၀င်ဘာ-၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီကနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

၂၀၂၆ နိုဝင်ဘာ ၂၇ ရက်ကစပြီး လှည်းတန်းဆိုင်ခွဲအပါအဝင် ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာလို့ Pezzo Pizza Myanmar က လူမှုကွန်ယက်က တဆင့် အသိပေးထားပါတယ်။

“အဆုံးသတ်နှုတ်ဆက်ရတာဟာ ကျွန်ုပ်တို့အတွက်လည်း အလွန်ပင်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းလှပါတယ်”လို့Pezzo Pizza Myanmar က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၆ က မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ Pezzo Pizza Myanmarရဲ့ ဆိုင်ခွဲတွေက လှည်တန်စင်တာ၊မြေနီကုန်းစီးတီးမတ် နဲ့သာကေတ ကယ်ပီတယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံအခြေစိုက် ​ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကုန်ကြမ်းသွင်းလို့ မရတာအပြင် အထွေထွေကုန် ကျစရိတ်တွေ တက်လာတာကြောင့် ပြည်ပ စားသောက် ကုန်လုပ်ငန်းတွေ ပိတ်သိမ်းနေတာလို့ ကြားရတယ်။ဒါက လူသိများတဲ့ ဆိုင်တွေပေါ့။ပြည်တွင်းတပိုင်တနိုင်တွေပိတ် နေရတာတွေက ပိုဆိုးတယ်”လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုလထဲမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေထဲက ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်ခံ Isuzu မော်တော်ယာဉ်လုပ်ငန်း ရပ်ဆိုင်းတာနဲ့ စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ‌တွေ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေညာချက်တွေ ဟာ စစ်တပ်ထုတ်ဝေတဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အမြဲမပြတ်ပါရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ သွင်းကုန် ကန့်သတ်ချက်တွေ၊ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက စီပွားရေးလုပ်ငန်းတွေ ပြိုလဲရမှုအတွက် အဓိကအကြောင်းအရာဖြစ် နေတယ်လို့ လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ