Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

မိုးကုတ်မြို့အရှေ့ပိုင်းကို ဒီနေ့(အောက်တိုဘာ ၁၆ရက်) နံနက် ၇နာရီခွဲခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီက အောက်တိုဘာ ၁ရက်မှာ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

မိုးကုတ်မြို့အရှေ့ပိုင်းကို ဒီနေ့(အောက်တိုဘာ ၁၆ရက်) နံနက် ၇နာရီခွဲခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

ပေါက်ကွဲသံအလွန်ပြင်းထန်ပြီးမြို့ပေါ်နဲ့ ဈေးထဲသွားလာနေသူတွေ ထွက် ပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” မနက်စောစော ကျက်သရေမဲ့တာဗျာ။ မြို့ထဲ ဆူညံသွားတာပဲ”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကိုမသိရသေးပါဘူး။

စစ်ကောင်စီတပ် စစ်ကြောင်းတချို့ဟာ သပိတ်ကျင်းမြို့ဘက်ကနေ မိုးကုတ်မြို့ကိုတည်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေသလို လေကြောင်းကနေလည်း မကြာခဏဗုံးကြဲနေပါတယ်။

မိုးကုတ်မြို့ဟာတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ TNLAဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။

လက်ရှိအောက်တိုဘာအတွင်း စစ်ကောင်စီက TNLA ထိန်းချုပ်မြို့တွေဖြစ်တဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုးမိတ်၊ သီပေါ၊ မိုင်းငေါ့၊ ကျောက်မဲမြို့တွေကို ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook