Connect with us

Hi, what are you looking for?

News

ဆိုင်ခန်းအားလုံးပိတ်ထား​သောမြန်မာပလာဇာတွင်စစ်​ကောင်စီတပ်လုံခြုံ​ရေးတင်းကျပ်ထား

“ပလာဇာကတော့ ဖွင့်ထားတယ်။ ဒါပေ့မယ့် အထဲဆိုင်တွေကလုံခြုံရေးအရပိတ်ကြတယ်။ အကုန်လုံးပိတ်ထားကြတယ်”ဟု မြန်မာပလာဇာမှ ဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။

မြန်မာပလာဇာရှိ ဆိုင်ခန်းအားလုံးကို ယနေ့ မနက်ကတည်းက ပိတ်ထားပြီး အာဏာသိမ်းစစ်​ကောင်စီတပ်သားများနှင့် ၎င်းတို့လက်အောက်ခံ ရဲများကလုံခြုံရေးတင်းကျပ်စွာယူထားကြသည်။

ယမန်​နေ့ (နိုဝင်ဘာ ၂၅ရက်​နေ့)ကရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာတွင်ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သောလူငယ်များကို လုံခြုံရေးဝန်ထမ်းများ ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးသဖြင့် အဆိုပါလုပ်ရပ်အ​ပေါ်ပြည်သူများကရှုတ်ချပြီး​နောက် ပလာဇာရှိ ဆိုင်အားလုံးပိတ်ထားကြ
ခြင်းဖြစ်သည်။ဆိုင်များပိတ်ထားပြီး ​ခြောက်ကပ်​နေ​သော ဗီယက်နမ်နိုင်ငံသားပိုင် မြန်မာပလာဇာတွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးအမြောက်အများချထားသည်ကို​တွေ့ရသည်။

“ပလာဇာကတော့ ဖွင့်ထားတယ်။ ဒါပေ့မယ့် အထဲဆိုင်တွေကလုံခြုံရေးအရပိတ်ကြတယ်။ အကုန်လုံးပိတ်ထားကြတယ်”ဟု မြန်မာပလာဇာမှ ဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြခဲ့​သော ပြည်သူများကို မြန်မာပလာဇာလုံခြုံ​ရေးဝန်ထမ်းများကဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီးဖမ်းဆီးရန်ကြိုးပမ်းခဲ့သဖြင့် ပြည်သူများက မြန်မာပလာဇာကို သပိတ်မှောက်ရန် ယမန်​​နေ့ည​နေမှစ၍တိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းမူနှင့်အတူ ဆိုင်အများစုကလည်း မြန်မာပလာဇာရှိ ၎င်းတို့ဆိုင်များနှင့်ဆိုင်ခွဲများကို ယာယီပိတ်သိမ်းကြောင်းကြေငြာခဲ့ကြသည်။

Public Service Announcement

Public Service Announcement

မြန်မာပလာဇာဘက်ကလည်း ထိုကိစ္စရပ်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သည်။ ထိုသို့မလျော်ကန်သော အပြုအမူများထပ်မံမဖြစ်ပွားစေရန် စည်းမျဉ်းစည်းကမ်းများကို တိုးမြှင့်သွားမည်ဟုလည်းဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မူကြီးကြပ်ရေးဝန်ကြီးဌာနက မြန်မာပလာဇာကို ပြည်သူဗျူဟာချမှတ်ပြီး ပစ်မှတ်ထား သပိတ်မှောက်ကြရန် ယနေ့တိုက်တွန်းလိုက်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာလဲ အကြမ်းဖက်စစ်ကောင်စီ စီးပွားရေးဒေါက်တိုင်များ ချိနဲ့ အားနည်းစေရန်အတွက်ဖြစ်သည်ဟု အထက်ပါဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ဆိုသည်။ မြန်မာပလာဇာသည် ပြည်သူ့ဆန္ဒကို သွေဖီပြီး အကြမ်းဖက်စစ်တပ်ဖက် ဖက်လိုက်ခြင်းဖြစ်၍ မြန်မာပလာဇာကို မသွားရန်၊ ဈေးမဝယ်ရန်နှင့် ဆိုင်မဖွင့်ရန်စသည့်တိုဖြင့် သပိတ်မှောက်ရန် တိုက်တွန်းထားသည်။

NUG ဒုတိယဝန်ကြီး​ဒေါက်တာတူး​ခေါင်ကလည်း “လူနည်းနည်းလေး ဆန္ဒပြတယ် ထင်ပြီး အာဏာပြ အဓမ္မဆန်ခဲ့တဲ့ မြန်နာ ပလာဇာ ကတော့ ကောင်းကောင်း သင်ခန်းစာ ရသွားလောက်ပြီ။အားမသန်လို့သာ မာန်လျှော့ထားတဲ့ လူတွေအများကြီး။ ဒီနေရာမှာတော့ ညီလိုက်ကြတာ။ ငွေကုန်လဲ သက်သာ အာဏာရှင်လဲ ဆန့်ကျင်ပြီးသား ဖြစ်သွားတာပေါ့။ပြည်သူတွေ ရဲ့ ပါဝင်မှုကို အသိအမှတ်ပြုပါတယ်။” ဟု ၎င်း၏​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

ပြည်သူများကလည်း မြန်မာပလာဇာကို ပုံစံမျိုးစုံဖြင့် သပိတ်​မှောက်၊ကန့်ကွက်​နေကြပြီး ၊Google Map တွင် မြန်မာပလာဇာ​နေရာကို ​ဘောမပလာဇာဟု ပြည်သူအချို့က အမည်​ပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook