Connect with us

Hi, what are you looking for?

သတင်း

အလှူရှင်တွေ အတု၊အစစ်ခွဲနိုင်မယ့် ဂုဏ်ပြုမှတ်တမ်းလွှာ အသုံးပြုမယ်လို့ NUGကာကွယ်ရေးပြော

အလှူရှင်တွေကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာ အတု၊အစစ်ကို ခွဲခြားစစ်ဆေးနိုင်မယ့် ဒီဇိုင်းကို အောက်တိုဘာ ၁၇ရက်က စတင်ပေးပို့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အလှူရှင်တွေကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာ အတု၊အစစ်ကို ခွဲခြားစစ်ဆေးနိုင်မယ့် ဒီဇိုင်းကို အောက်တိုဘာ ၁၇ရက်က စတင်ပေးပို့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

အလှူရှင်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ပေးအပ်တဲ့ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ဒီဇိုင်းအသစ်ကို ပြသခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာမှာ ပြုလုပ်ရမယ့် နည်းလမ်းတွေ ဖော်ပြပါတယ်။

အလှူရှင်တွေအနေနဲ့ လက်ခံရရှိလာတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာမှာ ပါဝင်တဲ့ QR Code ကို Scan ဖတ်ပြီး Scan ဖတ်ချိန်မှာ ပေါ်လာတဲ့ URL Link verify.modnug.org ကို နှိပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို နှိပ်လိုက်ရင် ကာကွယ်ရေးဝန်ကြီးဌာနက ပေးပိုတဲ့ ဂုဏ်ပြုမှတ်တမ်းဖြစ်ပါက အလှူရှင်နာမည်၊ အဖွဲအစည်းအမည်၊ ငွေကြေးပမာဏ၊ ဂုဏ်ပြုမှတ်တမ်းနံပါတ်၊ ထုတ်ဝေတဲ့ရက်စွဲတွေ ပေါ်လာမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။QR Code ဒါမှမဟုတ် ဂုဏ်ပြုမှတ်တမ်းဟာ အတုပြုလုပ်ထားတာ ဒါမှမဟုတ် ဆင်တူယိုးမှားပြုလုပ်ထားတာဆိုရင် မှတ်တမ်းတင်ထားခြင်းမရှိပါဟု ပေါ်လာမှာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခြားသတင်းတရပ်ကတော့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)ကလည်း စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်မှုနဲ့ ရရှိခဲ့တဲ့ ငွေပမာဏကို အသိပေး ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလအတွင်းထောက်ပို့တပ်သား နှစ်သောင်းကျော်က ခန့်မှန်း အမေရိကန်ဒေါ်လာ ၆၃၀၀၀၀ ခန့်ကို ပါဝင်ထောက်ပို့ထားတယ်လို့ ဆိုပါတယ်။

“စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပိုဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်ခင်ဗျာ”ဟုလည်း PRFက ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပိုတပ်သားရဲဘော်အားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ