Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ-ကလေးလမ်းတွင်မိုင်းဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှသုံးဦးသေဟု ဂန့်ဂေါ PDFထုတ်ပြန်

ဂန့်ဂေါ-ကလေး လမ်း၏ မိုင်တိုင်အမှတ် (၉)အနီးတွင် နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ဂန့်ဂေါ- ကလေးလမ်းတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

ဂန့်ဂေါ-ကလေး လမ်း၏ မိုင်တိုင်အမှတ် (၉)အနီးတွင် နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါ PDFတပ်ခွဲ(၁၉)မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယခုရက်ပိုင်းတွင် ဆောမြို့နယ် ထီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေပြီး ယနေ့ (နိုဝင်ဘာ ၂၆ရက်)တွင်လည်း ဆောနယ်၌ ရဟတ်ယာဉ်များ ပျံဝဲနေကြောင် ဆော PDFတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။