Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ စစ်ရှောင်တွေ လိုက်ပါလာတဲ့ ပရဟိတကား မတော်တဆဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဘေးရှောင်တချို့ကို လားရှိုးမြို့ကနေ ပြန်ခေါ်လာတဲ့ ပရဟိတကားတစ်စီး မတော်တဆဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။

ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ‌မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဘေးရှောင်တချို့ကို လားရှိုးမြို့ကနေ ပြန်ခေါ်လာတဲ့ ပရဟိတကားတစ်စီး မတော်တဆဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။

ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေး တာဝန်ခံအပါအဝင် စစ်ဘေးရှောင် ၃ဦးနဲ့ စုစုပေါင်း လူ ၆ဦးလိုက်ပါလာတဲ့ကားဟာ အောက်တိုဘာ ၂၀ရက် မနေ့က မတော်တဆဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံအပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပြီး ၄ဦးကတော့ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

“ကားက ၁၂ ဘီးကို ကျော်တက်ရင်း သုံးလေးပတ်လည်ထွက်ပြီး ညာဖက်လမ်းကျောဖက်က ကမ်းပါးကို ရှေ့ခြမ်းနဲ့ ဝင်ဆောင့်၊ တခါ ပြန်လည်ထွက်ပြီး ဘယ်ဘက်ခြမ်းကို ထပ်ဆောင့်ပြီး လမ်းမဖက် ဦးတည်ရပ်သွားတာပါ”လို့ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

နောက်ထပ်ဒဏ်ရာရသူတစ်ဦးက ၎င်းရဲ့အမျိုးသားဖြစ်ပါတယ်။ ကားနောက်ခန်းမှာ အဲဒီအမျိုးသားနဲ့ စစ်ဘေးရှောင် သုံးဦးလိုက်ပါလာလို့သိရပါတယ်။

“ကားမောင်းသူ ဘာမှမဖြစ်ပါဘူး။(ကိုယ်လက်နာကျင်ပေါ့နော် ဒီလောက်ပါပဲ)ကားနောက်ခန်း ဘယ်ဖက်ခြမ်းကနေလိုက်လာတဲ့ ကျမအမျိုးသားကတော့ ဘယ်ဘက်နံရိုးထိထားပါတယ်။ ဒီနေ့ ဆေးရုံမှာ ဓါတ်မှန်ရိုက်ဖို့ရှိပါတယ်။ ကားနောက်ခန်း ညာဘက်ခြမ်းမှာ ထိုင်လိုက်လာတဲ့စစ်ရှောင်ပြည်သူ ကလေးငယ်လေးနှစ်ယောက်နဲ့အဖွားဖြစ်သူတော့ ဘာမှဖြစ်မသွားပါဘူး”လို့ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံက ရှင်းပြထားပါတယ်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်နေတာဖြစ်ပါတယ်။

ကျောက်မဲမြို့က စစ်ဘေးရှောင်အများစုဟာ လားရှိုးမြို့မှာ သွားရောက်တိမ်းရှောင်နေခဲ့ပြီး အခုအခါမှာ လူမှုကူညီရေးအသင်းတွေရဲ့အကူအညီနဲ့ နေရပ်ကို ပြန်လာနေတာဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေစဉ်ကာလက စုစုပေါင်းလူဦးရေ ၂သောင်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့သိရပါတယ်။

နေရပ်ကိုပြန်လာသူတွေအနေနဲ့ မိုင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။