Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)ကဒီနေ့(အောက်တို ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ရေဦး ပကဖ

အောက်တိုဘာ-၂၁၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)ကဒီနေ့(အောက်တို ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

မနေ့က(အောက်တိုဘာ ၂၀ ရက်) မနက် ၉ နာရီခွဲခန့်မှာ တန့်ဆည်မြို့နယ်က အက်တော၊သဲကုန်းရွာကနေ ကန့်ဘလူမြို့နယ် ကာဘိုးရွာဘက်ကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး စုစုပေါင်း ၄၀ ခန့်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက နာရီဝက်လောက်ဖြစ်ခဲ့တယ်။စစ်အုပ်စုဘက်က ၁၁ ယောက်သေတယ်။ခြောက်ဦးဒဏ်ရာရတယ်လို့ သိရတယ်”လို့ ရေဦး ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာ ရဲဘော်တစ်ဦး ဒဏ်ရာရရှိပြီး မစိုးရိမ်ရဘူးလို့ ၎င်းက အသိပေးပါတယ်။

စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုနဲ့ ပတ်သက်လို့ လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုမှာ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပေါ်ဦးစစ်ကြောင်း၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ရေဦး ပကဖ လက်ရုံးတပ်ဖွဲ့ တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ကနေ တန့်ဆည်နယ်အရှေ့ခြမ်း အက်တော၊ သဲကုန်းကျေးရွာဘက်ကို စက်တင်ဘာနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်သားတွေ ဖြည့်တင်းနေတယ်လို့ စစ်ကိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ကာဘိုးဘက်ကနေ အက်တောကို အင်အားဖြည့်နေတာပေါ့။၂၅၀ လောက် ရှိတယ်။တန့်ဆည်-ရေဦးလမ်းပိုင်းကို ပြန်ထိန်းချုပ်ချင်နေတာ”လို့ ၎င်းက ပြောပါတယ်။

အခုအောက်တိုဘာ ၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊တန့်ဆည်-ရေဦးလမ်းပိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းမှာ အမှတ်(၃၆၁)ခြေမြန်တပ်ရင်း (ခမရ-၃၆၁)နဲ့ ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ပါတယ်လို့ ပေါ်ဦးစစ်ကြောင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။