Connect with us

Hi, what are you looking for?

News

PDFစခန်းကိုဝင်စီးသည့် အကြမ်းဖက်စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ​လေးဦး​သေ၊ ​လေးဦးဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ​လေးဦး နေရာတွင်ပွဲချင်းပြီးသေဆုံးကာ ကျန်​လေးဦးမှာပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သည်ဟု မုံရွာလျှပ်စီးအဖွဲ့က ဆိုသည်။

မုံရွာမြို့ရှိ PDFစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင် စီတပ်က ဝင်စီးစဥ် မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်သားလေးဦးသေပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာလျှပ်စီးအဖွဲ့( Monywa Lightning PDF)က ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၅နာရီခန့်က မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ဖြင့် တောတွင်းတစ်နေရာမှ PDF စခန်းတစ်ခုအားဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်စီးနေစဥ် မုံရွာလျှပ်စီးအဖွဲ့ (Monywa Lightning PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ​လေးဦး နေရာတွင်ပွဲချင်းပြီးသေဆုံးကာ ကျန်​လေးဦးမှာပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သည်ဟု မုံရွာလျှပ်စီးအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်၏ ဝင်စီးခံရသော PDF စခန်းရှိ ပြည်သူ့တပ်ဖွဲ့များ ဖမ်းဆီးခံရမှုနှင့် ထိခိုက်သေဆုံးမှုမရှိသော် လည်း စခန်းရှိတဲအချို့နှင့် ရိက္ခာများဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း မုံရွာမြို့ရှိ PDF စခန်းသုံးခု ဝင်ရောက်စီးနင်းခံရစဥ် သုံးဦးဖမ်းဆီးခံခဲ့ရကြောင်း စစ်ကိုင်းတိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook