အောက်တိုဘာ-၂၂၊၂၀၂၅။တေဇ/People’s Spring
မကွေးမြို့နယ် ၊ ကန်လှကျေးရွာ အနီးမှာ ဆီဘောက်ဆာကားနဲ့ လိုက်ထရပ်ကား ( Light Truck) မျက်နှာချင်းဆိုင်တိုက်မိပြီး ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“နှစ်ဖက်စလုံးပဲ။ သေဆုံးအရေအတွက်မသိရသေးပါဘူး။ များတော့များတယ်”လို့ ဒီဖြစ်စဉ်ကိုသွားရောက်ကူညီတဲ့ လူမှူကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး နဲ့ ကလေးတစ်ဦး စုစုပေါင်း ငါးဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၂ ရက်နေ့ခင်း ၁ နာရီခွဲခန့်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး မကွေးဆေးရုံ အရေးပေါ်ဌာနကိုပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
မီးသတ်ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတော့ သစ်ပင်ကို တိုက်ထားတဲ့ ဆီဘောက်ဆာကား ရှေ့ခန်းမှာ ညှပ်နေတာသူတွေကို ကယ်ထုတ်နေ တာကိုတွေ့ရပါတယ်။
(ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ – MFSD)


















































