Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံ​ကြောင်းနဲ့စစ်နပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကရင်နဲ့စစ်ကိုင်းမှာ ပြုလုပ်

ကရင် နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၂) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဥက္ကံလူထုသပိတ်

အောက်တိုဘာ-၂၂၊၂၀၂၅။ သုည/People’s Spring

ကရင် နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၂) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့ မြို့မစျေးကြီးမှာ တော်လှန်ပြည်သူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုမှာ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ကူညီသူများအား ပြင်းထန်စွာ အရေးယူရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ဦးကျော်မိုးထွန်းသည်သာ ပြည်သူတွေရဲ့ သံအမတ်ဖြစ်ကြောင်း “U Kyaw Moe Tun is Our Ambassador” စာသားနဲ့ လူထုဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက်သပိတ်စစ်ကြောင်းမှ “သင့်မဲဖြင့် တရား၀င်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒခဲ့ပါတယ်။

ဆက်စပ်သတင်းများ