Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တိုက်ပွဲအထိနာတဲ့စစ်ကောင်စီက နေပြည်တော် PDFနယ်မြေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဆွာမြို့နဲ့ (၃) မိုင်လောက်အကွာက ရွာသစ်ကျေးရွာ တိုက်ပွဲမှာ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့တဲ့ တိုက်ပွဲအပြီးမှာစစ်ကောင်စီက ဒေသတွင်းက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၈) က သတင်းထုတ်ပြန်ပါတယ်။

Screenshot

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဆွာမြို့နဲ့ (၃) မိုင်လောက်အကွာက ရွာသစ်ကျေးရွာ တိုက်ပွဲမှာ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့တဲ့ တိုက်ပွဲအပြီးမှာစစ်ကောင်စီက ဒေသတွင်းက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၈) က သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော် တပ်ရင်း(၈၀၈)နဲ့ မဟာမိတ် တပ်ရင်းတွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ်က ရွာသစ်ရွာ စစ်ကောင်စီ အထိုင်စခန်းကို အောက်တိုဘာ ၂၀ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ PDF ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် လေကြောင်းရန် ကာကွယ်ရေးတပ်(၂၀၂၉)က ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးကာ လက်နက်မျိုးစုံ ၇လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွာသစ်ရွာ အထိုင်စခန်း ဆုံးရှုံးပြီး အထိနာခဲ့တဲ့ စစ်ကောင်စီက နေပြည်တော် PDF တပ်ရင်း(၈၀၈) စိုးမိုးနယ်မြေတွေကို ‎Gyrocopter နှစ်စီး အသုံးပြု တိုက်ခိုက်ပြီး ဗုံးသီးတွေကြဲချခဲ့ကြောင်း အဆိုပါတပ်ရင်းက ဒီကနေ့မနက်မှာ ထုတ်ပြန်ပြီး Gyrocopter နဲ့ တိုက်ခိုက်မှု မှတ်တမ်းကို ဖော်ပြထားပါတယ်။ တိုက်ခိုက်ခံရတဲ့ နေရာနဲ့ နေ့ရက်ကိုတော့ ဖော်ပြမထားလို့ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူဆီကိုဆက်သွယ်မေးမြန်းထားဆဲပါ။

” ၁၂နာရီ ၄၅ လောက်က စာသင်ကျောင်းကို စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ ရှုံးနိမ့်မှုတွေကို မခံမရပ်နိုင်ဖြစ်ပြီးတော့စာသင်ကျောင်းကို ဗုံးလာချသွားတယ်ပေါ့နော်။ စာသင်ကျောင်းရယ် ဘုန်းကြီးကျောင်းရယ်ကိုချသွားတာဖြစ်ပါတယ်။ ဒါကတော့ ပျက်စီးသွားတဲ့ အပျက်အစီးတွေပေါ့။ဒီကောင်တွေရဲ့ ရှုံးနိမ့်မှုဟာ ဘယ်လောက်ထိကြီးမားလည်းဆိုတာ ဒါသက်သေပြနေတာဖြစ်တယ်” လို့ တာဝန်ရှိသူ တဦးက ပြောကြားနေတာကိုလည်း ရုပ်သံမှတ်တမ်းမှာ ကြားရပါတယ်။

အဲဒီလို တိုက်ခိုက်လို့ စာသင်ကျောင်းဆောင်နှစ်ဆောင်အလုံးစုံပျက်စီးခဲ့ပြီး အခြားကျောင်းဆောင်နှစ်ဆောင်မှာလည်း ထိခိုက်ခဲ့ရတယ်လို့ တပ်ရင်း(၈၀၈)က အသိပေးပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်နဲ့ ပြည်သူ့နေအိမ် နှစ်လုံးလည်းပျက်ဆီးခဲ့ရပြီး ကံအားလျော်စွာ ကလေးသူငယ်တွေနဲ့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကလေးသူငယ်တွေရဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အပြစ်မဲ့ ပြည်သူနေထိုင်ရာ အိုးအိမ်တွေကို စာနာမှုကင်းမဲ့စွာနဲ့ စစ်ကောင်စီက လေကြောင်း ဗုံးကြဲနေတာဖြစ်တယ်လို့လည်း တပ်ရင်း(၈၀၈)က ထုတ်ပြန်ပါတယ်။

‎အခုလိုတိုက်ခိုက်လာတာဟာ ရွာသစ်ရွာ အထိုင်စခန်း ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲ တုန့်ပြန်မှု ဖြစ်လို့ ပြည်သူတွေအနေနဲ့ အခြေအနေမတည်မငြိမ်မချင်း လူစုလူဝေးပြုလုပ်တာ ရှောင်ဖို့၊ စစ်မြေပြင် သဘောသဘာ၀အတိုင်း ကြိုတင် အသိပေးထားတဲ့ နေထိုင်နည်းတွေကို လိုက်နာဖို့ အသိပေးထားပါတယ်။

ရေတာရှည်တိုက်ပွဲအထိနာတဲ့စစ်ကောင်စီက နေပြည်တော် PDFနယ်မြေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲ အောက်တိုဘာ-၂၄၊…

Posted by People's Spring on Thursday 23 October 2025

ရုပ်သံ – နေပြည်တော် PDF

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။