Connect with us

Hi, what are you looking for?

သတင်း

KIO/KIAနဲ့ တရုတ်ညှိနှိုင်းပြီး လွယ်ဂျယ်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်နယ်စပ်ဂိတ်တွေပြန်ဖွင့်

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှာ KIO/KIA ရဲ​ဘော်​တွေပြန်ဖွင့်ခဲ့စဥ်။ ဓါတ်ပုံ-CJ

​အောက်တိုဘာ-၂၆၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

ဒေသခံပြည်သူလူထုအတွက်အဓိကလိုအပ်တဲ့ ကုန်စည်တွေကို တရုတ်နိုင်ငံဖက်ကနေတင်သွင်းဖို့နဲ့ ငှက်ပျောအပါအဝင်‌ သီးနှံတွေ ပြန်တင်ပို့ဖို့ တရုတ်ဘက်နဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီက​​နေ့မှာ ပြောကြားလိုက်ပါတယ်။

“မနေ့က အောက်တိုဘာလ ၂၅ရက်နေ့က ပြန်ဖွင့်လိုက်ပြီ။ ဖွင့်တာက ဖွင့်ပြီ။ အားလုံးလွတ်လွတ်လပ်လပ်တော့ မဟုတ်သေးဘူး။ ပြည်သူလူထုရဲ့စားသုံးကုန်အဓိကသွင်းပေးတာ”လို့ ဗိုလ်မှုးကြီးနော်ဘူက People’s Springကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ-တရုတ်နယ်စပ်မှာ ပန်ဝါမြို့၊ လိုင်ဇာ (နားပန်းဂိတ်)၊ လွယ်ဂျယ်မြို့၊ မံစီမြို့ မန့်ဝိန်းကြီးဂိတ်နဲ့ ကန်ပိုက်တီမြို့​တွေမှာ နယ်စပ်ဂိတ်​တွေတည်ရှိခြင်းဖြစ်ပြီး အဆိုပါနယ်စပ်ဂိတ်​တွေအား

လုံးကို KIA ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ကန်ပိုက်တီမြို့ ကို KIA နဲ့ မဟာမိတ်​တပ်တွေက ၂၀၂၄ နိုဝင်ဘာမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့သလို ၊ မံစီမြို့ကိုလည်း ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက်ထိန်းချုပ်ထားတာပါ။ကန်ပိုက်တီ နဲ့ မန့်ဝိန်းကြီး(မံစီ) ဂိတ်​တွေ မှာလတ်တ​လောပြန်မဖွင့်​သေးပါဘူး။

တရုတ်ဖက်နဲ့ညှိနှိုင်းမှုတွေအရပြန်ဖွင့်တာမှာလွယ်ဂျယ်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်ဂိတ်တွေဖြစ်ပြီး ကျန်တဲ့နယ်စပ်ဂိတ်တွေနဲ့ပတ်သက်လို့ မေးမြန်းနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီး​နော်ဘူကပြောပါတယ်။

လိုင်ဇာနဲ့မိုင်ဂျာယန်က မူလကပင် KIA ထိန်းချုပ် ဒေသ တွေဖြစ်ပါတယ်။ လွယ်ဂျယ်မြို့ကိုတော့ ပြီးခဲ့တဲ့၂၀၂၄ ဧပြီလမှာ KIA နဲ့ မဟာမိတ်​တွေကစစ်တပ်တပ်ရင်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးသိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့မတ်လမှာတော့ စား

သောက်ကုန်တချို့ကို အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အခုအခါမှာတော့ KIO/KIA နဲ့တရုတ်တာဝန်ရှိသူတွေညှိနှိုင်းပြီး တရားဝင်ပြန်ဖွင့်လှစ်လိုက်တာလို့ ဒေသခံတချို့ကပြောပါတယ်။

အခုတစ်ကြိမ်သဘောတူညီမှုမှာ နယ်စပ်ဂိတ်ကနေ လူအဝင်အထွက်နဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးအတွက်ဆေးကုသမယ်ဆိုရင် တရုတ်

လဝကနဲ့ ချိတ်ဆက်ပြီး ဝင်ထွက်လို့ရတယ်လို့ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“မဖြစ်မနေလိုအပ်တဲ့ကုန်စည်တွေကို အရင်က မှောင်ခိုသင်သွင်းတာတွေတော့ရှိတာပေါ့။ အခုကတော့တော်တော်လေးအခြေနေကောင်းသွားတယ်။တရုတ်နဲ့ KIAဆက်ဆံရေးအဆင်ပြေရင် ဒေသခံတွေအတွက်ပိုပြီး အကျိုးများတယ်”လို့ လွယ်ဂျယ်မြို့ခံတစ်ဦးကပြောပါတယ်။

လွယ်ဂျယ်မြို့ကတဆင့်စိန်လုံတောင်တန်းကိုဖြတ်ပြီး မိုးမောက်၊ဗန်းမော်မြို့တွေကို ကုန်သွယ်ရေးလမ်းကြောင်းရှိပါတယ်။ လက်ရှိမှာတော့ KIAက ဗန်းမော်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေပြီး တိုက်ပွဲတွေလည်းပြင်းထန်နေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ကန်ပိုက်တည်၊ ပန်ဝါနယ်စပ်ဂိတ်‌ ပေါက်တွေလည်း ရှ်ိပြီး အဲဒီနေရာတွေကိုလည်း KIAက ထိန်းချုပ်ထားပါတယ်။ တရုတ်အစိုးရဟာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကိုဖိအားပေးတဲ့အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကိုလည်း ကုန်သွယ်ရေးကန့်သတ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။