Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာပွဲတွေလာလုပ်တဲ့အနုပညာရှင်တွေကို အားမပေးကြဖို့ တော်လှန် ရေးအင်အားစုတွေ တိုက်တွန်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

အောက်တိုဘာ-၂၆၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

“တကယ်ဖိနှိပ်ခံနေရတဲ့ လူထုက Boycott သာတကယ်လုပ်နိုင်ရင် ဘယ်သူမဆို လူထုကို ကြောက်နေမယ် ၊ လေးစားနေမယ်ဆိုတာ လူထုကသိပြီးသားပါ။ အဓိကက မေ့မပစ်ရမယ့်အရာကို မမေ့ပဲ သင်ခန်းစာယူပြီး တောက်လျှောက်အားကောင်းအောင် လုပ်ကြဖို့ပဲလိုတာပါ” လို့ Boycott နဲ့ပတ်သက်ပြီး တိုက်တွန်းမှုတွေပြုလုပ်နေတဲ့ Fake News Check Community (Fncc) Burma ပေ့ခ်ျရဲ့ တာဝန်ရှိသူကပြောပါတယ်။

Fncc အနေနဲ့လည်း အခုရက်မှာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အိုင်းရင်းခရော့ခ်အဖွဲ့ ရဲ့ ဖျော်ဖြေပွဲ အတွက် ကြော်ငြာပေးနေတဲ့ ဆိုင်တွေကို သတိပေးတာမျိုးလုပ်နေတာပါ။

Public Service Announcement

Public Service Announcement

IC အဖွဲ့ ဖျော်ဖြေပွဲ ကြော်ငြာပေးတဲ့ ဆိုင်တွေဘက်က တောင်းပန်တာမျိုးတွေလုပ်ပြီး ဘုတ်တွေ ဖြုတ်လိုက်ပေမယ့် နောက်ထပ် ဒါမျိုးတွေ မလုပ်ရဲတဲ့ အထိ‌သိပေးဖို့လိုတယ်လို့ ဆိုပါတယ်။

အဲဒီ့ဆိုင်တွေထဲမှာလည်း တစ်ချို့ဆိုင် ပိုင်ရှင်တွေ နဲ့ မန်နေဂျာတွေက ခြိမ်းခြောက်မှုတွေကြုံရတယ်လို့ သူတွေ့ကြုံရတဲ့ အကြောင်းကိုပြောပါတယ်။

“ဘာပွဲပဲနေနေ ပျော်မယ်ဆိုတဲ့ ခေတ်သစ်ကျွန်လူတန်းစားတွေကြောင့် ရဲတင်းလာတာပါ။ မင်းတို့တော်လှန်ရေးက ငပေါတွေလုပ်တဲ့ တော်လှန်ရေးပါကွာဆိုတဲ့ အထာမျိုးချိုးကြလို့ ဒီလိုတုန့်ပြန်တာပါ ” လို့ Boycott ဖို့တိုက်တွန်းရတဲ့ အကြောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ရဲ့ သမီးနဲ့ အတူ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ သူတွေ ထုတ်လုပ်ထားတဲ့ ဗြောသံ ဇာတ်ကားကိုလည်း မြန်မာလုပ်သားတွေ အနေများတဲ့ မဟာချိုင်ဘက်မှာ အောက်တိုဘာ ၂၃ ရက်ကစတင်ပြီး ရုံတင်ပြသနေပါတယ်။

ပြီးခဲ့တဲ့ရက်က ဗြောသံဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ နေဝင်း နဲ့ ခင်ဝင့်ဝါ တို့ကို ပရိသတ်တွေ့ဆုံပွဲတွေတောင် လုပ်ပေးခဲ့သေးတာပါ။

“ရေပေါ်ဆီတွေကို ဦးတည်တာပါ။ ပြီးတော့ အလုပ်သမားတစ်ချို့က မတွေးမခေါ်တတ် မစဉ်းစားတတ်ကြဘူး။ ကိုယ်အဆင်ပြေနေရင်ပြီးရော ပျော်ရရင်ပြီးရော ဆိုတဲ့ သူတွေကို ဦးတည်တာပါ” လို့ သူ့အမြင်ကိုသူ့အမြင်ကိုပြောပါတယ်။

Boycott ပြုလုပ်တာလိုမျိုး အန္တရာယ်ကင်းတဲ့ ဆန့်ကျင်မှုမျိုးကိုတောင် မလုပ်နိုင်ကြရင် ပြည်သူတွေ အားလုံးမျှော်လင့်တဲ့ ဒီမိုကရေစီက အိပ်မက်တောင်မက်နိုင်မှာ မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

အဲဒီ့ပွဲတွေအပြင် စစ်ကောင်စီ အလိုကျ ပွဲတွေတက် ပေးနေတဲ့ သဘင်ဥက္ကဌ ဖိုးချစ်လည်း နိုဝင်ဘာလထဲမှာ လာကဖို့ရှိတယ်လို့ ကိုခေတ်ညီ ထားဝယ်က အသိပေးထားပါတယ်။

“စူရတ်မှာလို့သိရကြောင်း၊ ကြိုက်လား မကြိုက်ဘူး ကြိုက်လား မကြိုက်ဘူး ထပ်ပြောမယ် ကြိုက်လား မကြိုက်ဘူး ဟူးဟူးဟူး” လို့ တော်လှန်အနုပညာရှင် ဆိုင်းဆရာ ဖိုးသင်္ကြန်က အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ချိန်က ဖိုးချစ်ပြောခဲ့ဖူးတဲ့စကားနဲ့ သရော်ပြီးရေးသားထားပါတယ်။

ဖိုးချစ်က ပြီးခဲ့တဲ့ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ပွဲကို တတ်ရောက်ခဲ့သလို ရန်ကုန်မှာ လုပ်နေတဲ့ ပွဲဈေးတွေမှာလည်း ကပြဖျော်ဖြေနေတာပါ။

Boycott ပြုလုပ်ဖို့ ဆက်တိုက်တင်ပေးနေရတာက သွေးအေးမသွားဖို့ အတွက် သတိပေးနေတဲ့ သဘောဖြစ်တယ်လို့ Fncc တာဝန်ရှိသူ‌ကပြောပါတယ်။

“တစ်ဖက်က ကမ္ဘာပျက်နေတဲ့ မြန်မာနိုင်ငံက ဖြစ်နေတာတွေက ကိုယ်မခံစားရလို့ ကိုယ်လွတ်မြောက်နေတယ်ဆိုတဲ့ စိတ်ခံစားချက်ကြောင့် ကျွန်တော်တို့နိုင်ငံအရေးက ပိုဘေးရောက်မှာပါ။အဲဒီလိုမဖြစ်ဖို့ အရေးကြီးဆုံးပါပဲ” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း