Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ရေတာရှည်မြို့နယ် အခြေစိုက်၊တပ်ရင်း၃၅၀၄၊တပ်ခွဲ၁က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ၃၅၀၄၊တပ်ခွဲ၁

အောက်တိုဘာ-၂၇၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်က သူဆုံးရှုံးထားတဲ့ ရေတာရှည်မြို့နယ် ​၊ဆွာမြို့နဲ့ (၃)မိုင်လောက်သာဝေးတဲ့ ရွာသစ်ကျေးရွာက အထိုင်စခန်းနဲ့ကာကင်းတွေပြန်ရဖို့ အပြင်းအထန်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

“ဒီမနက် (အောက်တိုဘာ ၂၇ ရက်) မနက် ၁၀ နာရီ ၉မိနစ်မှာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ရှုံးကောင်စီမှ လေယာဥ် Fighter နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်တယ်”လို့ တပ်ရင်း(၃၅၀၄)တပ်ခွဲ -၁ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အင်အား ၄၀၀ခန့်နဲ့ ထိုးစစ်ဆင်လာပြီး တိုက်ပွဲပြင်းထန်နေတာလို့ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ် ဗိုလ်လကျာ်က အတည်ပြုပါတယ်။

“မနေ့က တနေကုန်ဖြစ်တယ်။ ရွာသစ်ဘက်တိုက်ရိုမထိုးဘဲရွာသစ်တောင်ဖက်ကြောကထိုးလာတာရေလွှဲရွာဖက်မှာ နှစ်ဖက်ထိခိုက်မှုရှိတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဗိုလ်လကျာ်က ဆိုပါတယ်။

စစ်ရေးအရအရေးပါတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေကို နေပြည်တော်တိုင်းစစ်ဌာနလက် အောက်တပ်ရင်းတွေက အောက်တိုဘာ ၂၀ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် (၁၅)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းဆီးရကာ တပ်ရင်းမှူးညီညီနိုင်ကို လက်ရဖမ်းဆီးချိန်မှာ ခုခံမှုပြုလုပ်တာကြောင့် အသေပစ်သတ်လိုက်ရတယ်လို့ အသိပေးထားပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်းဖြတ်စက် အပါအဝင် MA-11 တစ်လက်၊ MA-3 တစ်လက်၊ G3 သုံးလက်၊ ၆၀မမတစ်လက်၊ ပစ္စတို တစ်လက် အပါအဝင် ဆက်စပ်ခဲယမ်းတွေ တော်လှန်ရေးတပ်တွေက ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ