Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်

စစ်တပ်အ​ခြေစိုက်တဲ့မြို့ဖြစ်တဲ့ ပြင်ဦးလွင် မှာ မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒေါက်တာတေဇာဆန်းက အသိပေးထားပါတယ်။

ဓာတ်ပုံ - Tayzar San

အောက်တိုဘာ-၂၇၊၂၀၂၅။သတိုး/People’s Spring

စစ်တပ်အ​ခြေစိုက်တဲ့မြို့ဖြစ်တဲ့ ပြင်ဦးလွင် မှာ မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒေါက်တာတေဇာဆန်းက အသိပေးထားပါတယ်။

ပြင်ဦးလွင်မြို့ရဲ့ အထင်က ရ နေရာ တွေဖြစ်တဲ့ မြို့အ၀င် ဆိုင်းဘုတ်၊ မြို့လယ် နာရီစင်၊ ရထားဘူတာရုံ၊ ညစျေးတန်း စတဲ့နေရာတွေမှာ မဲမ​ပေးနဲ့ ​ထောင်​ချောက်ကြီးအဓိပ္ပါယ်ရ စာသားပါ”No Vote Just trap” အင်္ကျီဝတ်ဆင်ထားတဲ့ရဲဘော်အချို့က လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါ။

“ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ပြည်သူများမှာ ဖက်ဆစ် စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းစိတ်၊ ဆန့်ကျင်စိတ်တွေက ရင်နဲ့အပြည့်ပါ။ဒါ့အပြင်အခုစစ်အုပ်စုကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။” လို့ ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးမှာ ပြည်သူတွေကသာ အဓိကဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့လည်း ငုံ့မခံပဲ တုန့်ပြန်ဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ