Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီနေ့(အောက်တိုဘာ ၂၇ရက်) နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ခရီးသွားယာဥ်တွေ ၂ နာရီကျော်ကြာ ပိတ်မိနေပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်း၌ တိုက်ပွဲဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသော ခရီးသွားယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

အောက်တိုဘာ-၂၇၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီနေ့(အောက်တိုဘာ ၂၇ရက်) နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ခရီးသွားယာဥ်တွေ ၂ နာရီကျော်ကြာ ပိတ်မိနေပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မအူစစ်ဆေးရေးဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေကြောင်း၊ ဒါ့​ကြောင့် မုံရွာ-မန္တလေးလမ်းပေါ်က မအူရွာနဲ့ မြေနဲရွာကြား လမ်းပိုင်းကို အသုံးပြုလို့အဆင်မပြေနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိတယ်။ လမ်းကြောပိတ်ဆို့ထားတာ ၂နာရီဝန်းကျင်ခန့်ရှိနေပြီလို့သိရပါတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မအူရွာ စစ်ကောင်စီဂိတ်စခန်းကို မုံရွာမြို့ပေါ်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့အပြင် သံပြားကာထားတဲ့ကားတွေနဲ့ပါ အင်အားအပြည့်နဲ့ ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေကို လူသားဒိုင်းလုပ်တာ၊ မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ပြည်သူတွေ သတိပြုသွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook