Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းနဲ့ မုန်းမြို့နယ်က ပြည်သူတွေရဲ့နေအိမ် ၁၀၀ကျော်ကို စစ်တပ်အကြောင်းမဲ့မီးရှို့ဟု KNUထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်နဲ့ မြိတ်-ထားဝယ်ခရိုင်က ကျေးရွာတွေက ပြည်သူတွေရဲ့နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU

အောက်တိုဘာ-၂၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်နဲ့ မြိတ်-ထားဝယ်ခရိုင်က ကျေးရွာတွေက ပြည်သူတွေရဲ့နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ကွင်းဒလကြီးရွာက နေအိမ် ၇၀ ကျော်နဲ့ KNLA တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် လဘရွာက နေအိမ် ၄၀ ကျော်ကို မီးရှို့ခဲ့တာလို့ အောက်တိုဘာ ၂၈ရက် ညပိုင်းမှာ အသိပေးထားတာပါ။

အောက်တိုဘာ၂၅ရက်က သရက်ချောင်းမြို့နယ် ကို စစ်ကောင်စီရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းထိုးကာ ‎တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လဘကျေးရွာက ဒေသခံတွေရဲ့နေအိမ်(၄၂)လုံးအား မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၄)နယ်မြေကို စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်း သိန်ခွန်း၊ ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတာလို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

” သရက်ချောင်းကနေ အောက်ဘက်ကို စစ်ကြောင်းတကြောင်းထိုးတာရှိတယ်။ အဲဒါ အိမ်တွေမီးရှို့တာ ရှိတယ်”လို့ KNLAသတင်းရင်းမြစ်က လဘရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့မှု ဖြစ်စဉ်ကို ပြောပါတယ်။

အောက်တိုဘာ ၁၀ရက်ကလည်း မုန်းမြို့နယ်က ကွင်းဒလကြီးကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီးပြည်သူလူထုပိုင် နေအိမ် (၇၂)လုံး ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာသူတို့ထိန်းချုပ်ရာဒေသတွေမှာအတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ငြိမ်းချမ်းနေသယောင် ပြုမူနေပေမယ့် KNU ထိန်းချုပ်မှုနယ်မြေတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာ ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက် မှုတွေ အဆက်မပြတ် ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ