အောက်တိုဘာ-၂၉၊၂၀၂၅။ဇော်ဝင်း/People’s Spring
ပဲခူးတိုင်း၊ထန်းတပင်မြို့နယ် တိုက်ပွဲမှာ စစ်တပ်ရဲ့ ဒရုန်းတစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့တောင်ငူခရိုင်အမှတ်(၂ )တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အောက်တိုဘာလ ၂၄ ရက်ကစပြီးထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့အခြေစိုက်အမှတ်(၇၃)ခြေလျင်တပ်ရင်း (ခလရ-၇၃ )ကစစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်တွေ နဲ့ ဘုမ္မတီးရွာတဝိုက်မှာတိုက်ပွဲ ရက်ဆက်ဖြစ်နေတာပါ။
အောက်တိုဘာ၂၆ ရက် ညနေက ပစ်ချနိုင်ခဲ့တဲ့ ဗုံးကြဲဒရုန်းက ဒလက်ခြောက်ခုပါတဲ့ 15 KG အမျိုးအစားဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“တိုက်ပွဲက မနေ့ (အောက်တိုဘာ ၂၉)ကထိတော့ အနည်းအကျဉ်းထိတွေ့မှုဖြစ်ပါသေးတယ်။ဒီနေ့တော့ ငြိမ်သွားပါပြီ။ဒီရက်ပိုင်းထဲတိုက်ပွဲငယ်တွေတော့ဖြစ်ပါတယ်ရန်သူကဒရုန်းနဲ့နေ့စဉ်ကြဲပါတယ်။တပ်ရင်းကရန်သူဒရုန်းတစ်စီးပစ်ချနိုင်ခဲ့ပါတယ်”လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
မြေပြင်ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးတာတွေရှိပြီးအသေးစိတ်စစ်ရေးအခြေအနေကိုသီးခြားထုတ်ပြန်သွားမယ်လို့ တောင်ငူခရိုင်အမှတ်( ၂ )တပ်ရင်းတာဝန်ရှိသူက ဆိုပါတယ်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်တာ လေကြောင်းတိုက်ခိုက်တာကြောင့် အောက်တိုဘာ ၂၄ ရက်က ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေ အနေနဲ့ တော်လှန်ရေး တပ်တွေက ကန့်သတ်ထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ တောင်ငူခရိုင်အမှတ်(၂)တပ်ရင်းက တိုက်တွန်းထားပါတယ်။


















































