Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမှာ ပေါ်တာဆွဲခံရသူ ရှေ့တန်းကနေ ထွက်ပြေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့နောင်ချိုမြို့မှာ ပေါ်တာဆွဲခံရပြီး တပ်မ (၃၃)လက်အောက်ခံတပ်ရင်းဆီအပို့ခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို ဝန်းသိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိထားပါတယ်။

(တပ်မ(၃၃) လက်အောက်ခံ၊ ခမရ(၁၂၀)တပ်ရင်းက ထွက်ပြေးလာတဲ့ တပ်သားအောင်ကိုဦး။ ဓာတ်ပုံ - WUNTHO)

အောက်တိုဘာ-၃၀၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့နောင်ချိုမြို့မှာ ပေါ်တာဆွဲခံရပြီး တပ်မ (၃၃)လက်အောက်ခံတပ်ရင်းဆီအပို့ခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို ဝန်းသိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိထားပါတယ်။

ဝန်းသိုမြို့ကိုရောက်ရှ်ိနေတဲ့ တပ်မ(၃၃) လက်အောက်ခံ၊ ခမရ(၁၂၀) တပ်ရင်းက တပ်သားအောင်ကိုဦးဆိုတဲ့ စစ်မှုထမ်းသင်တန်းဆင်းဟာ တပ်ရင်းကနေထွက်ပြေးလာတာဖြစ်ပြီး အောက်တိုဘာ ၂၉ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာလို့ သိရပါတယ်။

” သူ့နဲ့အတူပြေးတဲ့သူတွေလည်းရှိတယ်တဲ့။ ဘယ်တွေကိုရောက်ကုန်တယ်တော့ မသိဘူးပေါ့။ ထုံးစံအတိုင်း တပ်ထဲမှာသူတို့တွေအနိုင်ကျင့်ခံထားရတယ်လို့ သိရတယ်” လို့ ဝန်းသိုမြို့ခံသတင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားကို ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကို လေကြောင်းအင်အားသုံးတိုက်ခိုက်ပြီး ပြီးခဲ့တဲ့ဇူလိုင်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ဒေသခံလူငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ခရီးသွားတွေကို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီးတာတွေရှိတယ်လို့သိရပါတယ်။ အောင်ကိုဦးဟာ အတင်းအဓမ္မဖမ်းဆီးခံရပြီး ရှေ့တန်းကိုပို့ဆောင်ခံရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဝန်းသိုမြို့နဲ့ (၃၅)မိုင်ခန့်အကွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကိုစစ်ကြောင်းပြန်ထိုးဖို့အတွက် ကောလင်းနဲ့ ဝန်းသိုမြို့ကို စစ်ကောင်စီကလေကြောင်းကနေအင်အားအများအပြားဖြည့်နေပါတယ်။ အဲ့ဒီထဲမှာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကနေစုဆောင်းလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အများအပြားပါလာတယ်လို့ သိရပါတယ်။

၀န်းသိုမြို့မှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၁၁၁)တပ်ရင်းလည်းရှ်ိနေပြီး အဲဒီနေရာမှာလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တစ်ဆင့်ပိုတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ