Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ ဝန်တင်ကုန်းရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၁ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းက ဝန်တင်ကုန်းရွာက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာကို စစ်တပ်က လေကြောင်းတိုက်ခဲ့တာမို့ အမျိုးသမီး ၁ဦး သေဆုံးကာ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မတ္တရာမြို့နယ်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF

အောက်တိုဘာ-၃၁၊၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းက ဝန်တင်ကုန်းရွာက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာကို စစ်တပ်က လေကြောင်းတိုက်ခဲ့တာမို့ အမျိုးသမီး ၁ဦး သေဆုံးကာ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် မနေ့က ည ၁၁နာရီ ၂၅မိနစ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ညအိပ်ချိန်မှာ ဗုံးကြဲခံရတာမို့ စစ်ရှောင်ပြည်သူ တွေ အထိခိုက်ရှိခဲ့ပြီး အမျိုးသမီး ၁ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာ ရတဲ့ အမျိုးသမီး၁ဦးလည်း အခြေအနေ စိုးရိမ်ရတယ်လို့ မနေ့ည ၁နာရီ ကျော်က သိရပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

“စစ်ရှောင်စခန်းကိုကြဲသွားတာပါ။ အထိခိုက် တွေရှိတယ်။ ချက်ချင်း ကယ်ဆယ်ရေးတွေလုပ် နေတယ်”လို့ ဒေသခံတစ်ဦးက မနေ့ည ၁နာရီဝန်းကျင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မတ္တရာမြို့ရဲ့အရှေ့ခြမ်းနဲ့ မြောက်ခြမ်းကို ရောက်နေပြီး ဒေသခံတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူ ၆၀,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရှိတဲ့ဘက်ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ