Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မှာလုပ်မယ့် ဖျော်ဖြေပွဲ ပြည်သူတွေရဲ့Boycott ကြောင့် ပွဲဖျက်သိမ်း၊ ပွဲစီစဥ်သူက အနူးအညွတ်တောင်းပန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် မြန်မာအဆိုတော်တွေရဲ့ဖျော်ဖြေပွဲကို ပြည်သူတွေရဲ့ Boycott ပြုလုပ်ခံရတာကောင့် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။

ဖျက်သိမ်းခဲ့တဲ့ ဖျော်ဖြေပွဲကြေညာပိုစတာ။ ဓာတ်ပုံ-BKK Kaung Pyae

အောက်တိုဘာ-၃၁၊ ၂၀၂၅။တိုးနေဝင်း/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် မြန်မာအဆိုတော်တွေရဲ့ဖျော်ဖြေပွဲကို ပြည်သူတွေရဲ့ Boycott ပြုလုပ်ခံရတာကောင့် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Spicy Clubမှာ ပြုလုပ်မယ့် အဆိုတော် ရွှေထူး၊ အုပ်စိုးခန့်၊ ချမ်းမြေ့မောင်ချို၊ Timmyတို့ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ကြောင်း အဲဒီပွဲကိုစီစဥ်တဲ့ BKK Kaung Pyae Car Showrrom ရဲ့ တာဝန်ရှိသူ ကိုကောင်းပြည့်လွင်ဆိုသူက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

“ကျွန်တော့် ဆိုင်ကို BC လုပ်ဖို့ တင်ထားတာ တွေ့လို့တောင်းပန်ချင်လို့ပါ ခင်ဗျာ။ ကျွန်တော့်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ ကျွန်တော် ပြောပြချင်တာကတော့ ဒီပွဲ လုပ်တယ်ဆိုတာက ဘယ်သူ့က်ိုမှ ထိခိုက်နစ်နာစေလိုခြင်း မဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင်လည်း လူငယ် တစ်ယောက် ဖြစ်သော ကြောင့်ပျော်ရွှင်မှု့ကို နှစ်သက်တာရယ် လူအချို့ကို ပျော်စေချင်တာရယ်ကြောင့်ပါ။ ဒီပွဲ ကြောင့် စိတ်အနှောက်ယှက် သို့မဟုတ် ထိခိုက်မှုတစ်စုံတရာ ဖြစ်စေခဲ့ပါက BKK Kaung Pyae Car Showrrom မှ အနူးအညွတ် တောင်းပန်ပါတယ်။”လို့ ကိုကောင်းပြည့်လွင်က ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကတည်းက လက်မှတ်တွေစရောင်းခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အရာတွေကြောင့် ပြည်သူတွေအချို့ စိတ်မချမ်းသာ၊ နာကျင်မိတာရှိခဲ့မယ်လို့ နားလည်ပါတယ်လို့ ပွဲစီစဥ်သူက ဆိုပါတယ်။

“ကျွန်တော် စီစဉ်မိခဲ့တဲ့ လုပ်ရပ်အမှား တစ်ခု အတွက် တန်ဖိုးထားစွာ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ လွဲမှားမှုဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး မျှော်လင့်ထားတဲ့အတိုင်း ပိုကောင်းတဲ့အခြေနေ ဖြစ်လာဖို့ ကြိုးစားသွားပါမယ်။”လို့ ရေးသားထားပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရုံတင်ပြသနေတဲ့ ဗြောသံရုပ်ရှင်ဇာတ်ကားကို Boycott ပြုလုပ်မှု အောင်မြင်နေပြီး အဲဒီ့ဇာတ်ကားအပါအဝင် စစ်ကောင်စီထောက်ခံတဲ့ အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ ဆိုင်တွေ ၊ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်သွားမယ်လို့ Fake News Check Community (Fncc) Burmaက သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ပြန်ဝင်သွားတဲ့ အဆိုတော် G Fatt ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတယ်လို့ သတင်းပေးမှုတွေရှိပြီး ဖျော်ဖြေပွဲတွေလုပ်တယ်ဆိုရင် အဲဒီ့နေရာတွေကို Boycott ပြုလုပ်ဖို့ Fake News Check Community (Fncc) Burmaက တင်ပေးထားပါတယ်။

ဆက်စပ်သတင်းများ