Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်မှနေရပ်တိမ်းရှောင်​နေရသူ​တွေကိုလူထုတိုက်ပွဲဦး​ဆောင်​ကော်မတီက အရေးပေါ်ရိက္ခာနဲ့ ထောက်ပံ့ငွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ အရေးပေါ်တုံ့ပြန်ရေးနဲ့ကူညီရေးအဖွဲ့တွေနဲ့အတူ ဇိုမီးဖက်ဒရယ်အစည်းအရုံးမှ ဦးဆောင်ပြုလုပ်တဲ့ “Hearts for Kalay” နဲ့ MinLun & Ko Kaung Kaung “Keep Moving On -ဆက်လျှောက်” မှ လက်ခံရရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၁) မှာ ဖြန့်ဝေခဲ့ပါတယ်။

နိုဝင်ဘာ-၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ အရေးပေါ်တုံ့ပြန်ရေးနဲ့ကူညီရေးအဖွဲ့တွေနဲ့အတူ ဇိုမီးဖက်ဒရယ်အစည်းအရုံးမှ ဦးဆောင်ပြုလုပ်တဲ့ “Hearts for Kalay” နဲ့ MinLun & Ko Kaung Kaung “Keep Moving On -ဆက်လျှောက်” မှ လက်ခံရရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၁) မှာ ဖြန့်ဝေခဲ့ပါတယ်။

ကလေးခရိုင် ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး(အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမ)လမ်းပိုင်းနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းအတွင်းရှိ နေရပ်တိမ်းရှောင်​နေရတဲ့ အိမ်ထောင်စု (၈၀၀)အတွက် အရေးပေါ်ရိက္ခာန ထောက်ပံ့ငွေအဖြစ် ဖြန့်ဝေအပ်နှံခဲ့ကြောင်း ကလေးလူထုသပိတ်က ဖော်ပြခဲ့ပါတယ်။

စစ်တပ်စစ်​ကြောင်း​တွေ ​ကြောင့် က​လေးမြို့နယ်က ​ကျေးရွာ​တွေမှာ ပြည်သူအများအပြားဟာ ​ဘေးလွတ်မယ်ထင်တဲ့​နေရာ​တွေကို ထွက်​ပြေးတိမ်း​ရှောင်​နေရတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

အဆိုပါ အရေးပေါ် ရိက္ခာနဲ့ ထောက်ပံ့ငွေ အပ်နှံရေးကိစ္စရပ်တွေကို သပိတ်ကော်မတီဝင်တွေနဲ့အတူ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖွဲ့ဝင်တွေက ပူးပေါင်းကာ ဖြန့်ဝေအပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ