Connect with us

Hi, what are you looking for?

သတင်း

ရွာငံနယ်မှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ နှစ်ဦးသေဟု ဓနု DSNDAတပ်ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ စစ် ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး လက်နက်တစ်လက်ရခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)တာဝန်ရှိသူက ပြောပါတယ်။

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)က ရဲဘော်တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - DSNDA

နိုဝင်ဘာ-၁ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ စစ် ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး လက်နက်တစ်လက်ရခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)တာဝန်ရှိသူက ပြောပါတယ်။

ရနဲကျေးရွာအနီးမှာ ရိက္ခာသယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၃၀ရက် နေ့လယ် ၂နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အင်အားက ခန့်မှန်း ၂၀လောက်ပါတယ်။လတ်တလောပွဲဖြစ်တဲ့နေရာ အနီးနားလက်နက်ကြီး ပစ်တာတွေ ရှာဖွေတာတွေရှိတယ် လို့ မြေပြင်သတင်းရပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်း စစ်ကောင်စီတပ်က နှစ်ဦးသေဆုံးတဲ့အပြင် တစ်ဦးဒဏ်ရာရပြီး လက်နက်တစ်လက်ရကာ ရဲဘော်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ DSNDAက သီးခြားထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ သုံးလကတည်းကစလို့ စစ်ကောင်စီတပ်က ရွာငံအနောက်တောင်ခြမ်းနဲ့ ရွာငံ အရှေ့မြောက်ခြမ်းတွေမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ကျောက်တောရွာနဲ့ ညောင်ပင်သာကျေးရွာကဒေသခံပြည်သူ တစ်ထောင်ထက်မနည်း စစ် ရှောင်နေရပြီး စားနပ်ရိက္ခာပြတ်လပ်မှု အကြီးကျယ်ခံစားနေရတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့ DSNDAက မေတ္တာရပ်ခံပါတယ်။

ဒါ့အပြင် စက်တင်ဘာနောက်ဆုံးပတ်ကလည်းရွာငံမြို့နယ်က စစ်ရှောင်စခန်းတခုပေါ် တောင်ပြိုကျပြီး စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

Trending

Facebook