Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ၊ ငါးဦးထက်မနည်း ဒဏ်ရာရဟု CDSOM ထုတ်ပြန်

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ငါးဦးထက် မနည်းဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇ ရက်က ပရိမ္မကျေးရွာသောင်ပြင်မှ ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ကို အထက်သို့ တက်မလာနိုင်ရေးအတွက် ပြည်သူ့တပ်ဖွဲ့ ခုနှစ်ဖွဲ့ပူးပေါင်း၍ မဟာမိတ်စစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ယနေ့ မဟာမိတ်စစ်ဆင်ရေး၏ တိုက်ပွဲနှစ်ကြိမ်သည် မွန်းလွဲမတိုင်မီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ကြရာ ၁နာရီခန့်အကြာတွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့သည်ဟု CDSOMက ဆိုသည်။

ထို့နောက် ညနေ ၄ နာရီ မှ ၆ နာရီ ၁၅မိနစ်အထိ၂နာရီနှင့် ၁၅မိနစ်ခန့်ကြာသည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်းဒဏ်ရာရစေခဲ့သည် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

မဟာမိတ်စစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ Taloke-PDF ၊ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ MGN TIGER၊ MGN RANGER နှင့်Burmese Guerrilla Force-BGF တို့ အတူပူးပေါင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။