Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ၊ ငါးဦးထက်မနည်း ဒဏ်ရာရဟု CDSOM ထုတ်ပြန်

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ငါးဦးထက် မနည်းဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇ ရက်က ပရိမ္မကျေးရွာသောင်ပြင်မှ ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ကို အထက်သို့ တက်မလာနိုင်ရေးအတွက် ပြည်သူ့တပ်ဖွဲ့ ခုနှစ်ဖွဲ့ပူးပေါင်း၍ မဟာမိတ်စစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ယနေ့ မဟာမိတ်စစ်ဆင်ရေး၏ တိုက်ပွဲနှစ်ကြိမ်သည် မွန်းလွဲမတိုင်မီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ကြရာ ၁နာရီခန့်အကြာတွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့သည်ဟု CDSOMက ဆိုသည်။

ထို့နောက် ညနေ ၄ နာရီ မှ ၆ နာရီ ၁၅မိနစ်အထိ၂နာရီနှင့် ၁၅မိနစ်ခန့်ကြာသည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်းဒဏ်ရာရစေခဲ့သည် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

မဟာမိတ်စစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ Taloke-PDF ၊ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ MGN TIGER၊ MGN RANGER နှင့်Burmese Guerrilla Force-BGF တို့ အတူပူးပေါင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။