Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် – မန္တလေးလမ်းပိုင်းမှာ လမ်းတွေပျက်လို့ ကားတွေ ပိတ်မိနေ

မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေးလမ်းပိုင်းမှာ မိုးရွာထားလို့ လမ်းတွေပျက်ပြီး ယာဥ်တွေပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မိုးကုတ်-မန္တလေးလမ်းတွင် ခရီးသည်တင်ယာဥ်များ ရပ်တန့်စောင့်ဆိုင်းနေရစဥ်။ ဓာတ်ပုံ-CJ

နိုဝင်ဘာ-၃၊ ၂ဝ၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေးလမ်းပိုင်းမှာ မိုးရွာထားလို့ လမ်းတွေပျက်ပြီး ယာဥ်တွေပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်-မန္တလေးလမ်းက ကွင်းလမ်း၊ လမ်းပိုင်းတချို့မှာ မနေ့က နိုဝင်ဘာ ၂ ရက်ကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လမ်းတွေဗွက်ထကာ ပျက်စီးနေတာကြောင့် ကားတွေပိတ်မိနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကွင်းလမ်းက ကားများပြီး ဗွက်များနေတယ်။ကျောက်ဖြူ ကွင်းလမ်းကလည်း ပိတ်ထားလို့ အဆင်းကားတွေ အများကြီး ပိတ်မိနေပါတယ်။”လို့ ခရီးသွားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် မိုးကုတ်-မန္တလေးလမ်းကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်မိုးကုတ်-မန္တလေးယာဥ်တွေဟာဧရာဝတီမြစ်ကိုဖြတ်ပြီး စစ်ကိုင်းတိုင်းကနေပတ်သွားရတာကြောင့် မြစ်ကြောင်းထဲ လှိုင်းထန်နေလို့ ဇက်ကူးဖို့ခက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခုတစ်ပတ်အတွင်း မိုးအခြေအနေမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း NUG လူသားချင်းစာနာထောက်ထားရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်နဲ့ အရှေ့ဘက်မှလာတဲ့ လေပွေလှိုင်းများအရှိန်ကြောင့် (ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် လေပြင်းတိုက်ခတ်ခြင်းနဲ့ နေရာကွက်၍ မိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းလို့လည်း NUG က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ တအာင်းတပ်မတော်(TNLA)တို့ အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့​တွေက​နေ TNLAတပ်တွေ ဆုတ်ခွာဖို့ သဘောတူညီခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDFက ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်တော်လှန်​ရေးအင်အားစု​တွေနဲ့ လက်တွဲပြီး အစွမ်းကုန်လုပ်ဆောင်မယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ