Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကျင်းပတဲ့ ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တက်ရောက်

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ ) ပြည့် အခမ်းအနားကို ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ ၊ အမှတ် (၄) ရပ်ကွက် ၊ သီရိကွင်းမှာ စစ်ကောင်စီက ကျင်းပတာပါ။

အဲဒီပွဲကို စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြောထားတဲ့ ကရင့်လက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခဲ့ကြတာပါ။BGF က စစ်တပ်လက်​အောက်ခံ နယ်ခြား​စောင့်တပ်ဖြစ်သလို ၊ DKBA နဲ့ KNLA-PC တို့ဟာလည်း စစ်တပ်နဲ့အပစ်ရပ်လက်

Public Service Announcement

Public Service Announcement

မှတ် ​ရေးထိုးထားသလို စစ်တပ်ကိုပြန်မတိုက်ပဲ ကူညီ​နေတဲ့ အဖွဲ့​တွေဖြစ်ပါတယ် ။

BGF က အထွေထွေအတွင်းရေးမှူး စောချစ်သူနဲ့ စစ်ဒေသမှူးတွေ၊ KNU/KNLA PC က ဒုဥက္ကဌ ဒေါက်တာနော်ကပေါ်ထူးနဲ့အဖွဲ့ဝင်တွေ၊ DKBA က ဒုစစ်ဦးစီးချုပ် စောရွှေဝ ဦးဆောင်တဲ့အဖွဲ့ဝင်တွေ ပါဝင်တက်ရောက်တာတွေ့ရပါတယ်။

KNU ဒူးပလာယာခရိုင် ဥက္ကဌဟောင်းဖြစ်တဲ့ ပဒိုစောရွှေမောင်းလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်နေ့ ပွဲတော်ကို နိုဝင်ဘာလ ၅ ရက်ကနေ ၁၀ ရက်အထိကျင်းပမှာဖြစ်ပြီး ပွဲတော်ရက်တွေ အတွင်း ဘားအံမှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။