Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးကို လေတပ် ဗုံးကြဲလို့ ပြည်သူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူများပြား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း မန္တလေး- မိုးကုတ်လမ်းပိုင်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ၄ဦး သေဆုံးကာ ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်နဲ့ ညောင်ဝန်းကျေးရွာတွေကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၇၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း မန္တလေး- မိုးကုတ်လမ်းပိုင်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ၄ဦး သေဆုံးကာ ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရထားတာတော့ စစ်ရှောင်တွေ၄ဦး သေပြီး အများကြီးဒဏ်ရာရတယ်တဲ့။သေဆုံးတွေလည်း ထပ်တိုးနိုင်တယ်”လို့ ဒေသခံတဦးကပြောပါတယ်။

မတ္တရာမြို့နယ်နဲ့ မြို့နယ်ချင်းနီးစပ်ပြီး မိုးကုတ်- မန္တလေးလမ်း ပေါ်မှာရှိတဲ့ ရွှေပြည်နဲ့ ညောင်ဝန်း ကျေးရွာတွေကို စစ်တပ်က နိုဝင်ဘာ ၇ ရက်နေ့၊ဒီနေ့ နေ့လည် ၁နာရီလောက်ကစပြီး ဗုံးကြဲ နေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“လှမ်းမြင်ရတာကတော့ ဒီကျေးရွာ တွေဘက်လို့ ထင်ရတာပဲ။မတ္တရာကစစ်ရှောင်တွေက စဉ့်ကူးဘက်တက်၊သပိတ်ကျင်းဘက်က စစ်ရှောင် တွေက စဉ့်ကူးဘက်ဆင်းပြီး အခုကြဲတဲ့ နေရာတွေမှာ စစ်ရှောင် တွေစုပြုံ နေတာပဲ။ပြည်သူ တွေရှိတဲ့ဘက်ကို လိုက်ကြဲ နေတာ”လို့ ဒေသခံတဦးကပြောပါတယ်။

နေ့လည်၁၂နာရီခွဲနဲ့ ၁နာရီ၄၅မိနစ်အချိန်တွေမှာ လေယာဉ် ၂စီးနဲ့ ၆ကြိမ်ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။

ယခု လေကြောင်းတိုက်ခိုက်နေတဲ့ ကျေးရွာတွေဟာ စစ်တပ် ထောက်ခံသူတွေများပြီး ယခင်က စစ်တပ်အထိုင်ချထားတဲ့ နေရာ တွေဖြစ်ပါတယ်။

၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းမှာ တော်လှန်ရေးတပ် တွေက သိမ်းယူထားတာပါ။

မတ္တရာမြို့နယ်တနယ်လုံးကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူတစ်သိန်းကျော်စစ်ရှောင်နေရပြီး စဉ့်ကူးမြို့နယ်ထဲကို အများဆုံးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook