Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို-ဘီးလင်းကြားက စစ်တပ်ကင်းပုန်းကို သပြေညိုဒရုန်းတပ်ဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို တိုက်ခိုက်ခဲ့တယ်လို့ သပြေညို ဒရုန်းတပ်ဖွဲ့က ဒီကနေ့ (နိုဝင်ဘာ ၁၅ရက်) ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ-၁၅၊ ၂၀၂၅။မိုမို/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို တိုက်ခိုက်ခဲ့တယ်လို့ သပြေညို ဒရုန်းတပ်ဖွဲ့က ဒီကနေ့ (နိုဝင်ဘာ ၁၅ရက်) ထုတ်ပြန်ပါတယ်။

မနေ့က(နိုဝင်ဘာ ၁၄ ရက်) ည ၉နာရီဝန်းကျင်က ရန်ကုန် – မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းမြို့နယ်ကြားက ကြက်မောက်ခြံအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယာဥ်တန်းဖြတ်သန်းသွားလာမှုအတွက် လမ်းကင်း လုံခြုံရေးအနေနဲ့ ကင်းပုန်းဝပ်နေရာယူထားတာ။ကျိုက်ထို ဘီလင်းကြားက နေ့တိုင်း နီးပါ ကင်းပုန်းရှိနေပါတယ်”လို့ သပြေညို ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၅၀ကျော်ရှိတဲ့ စစ်ကောင်စီတပ် ကင်းပုန်းကို ဒရုန်းဗုံးသီးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်သား နှစ်ဦးသေပြီး လေးဦးဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်သားသေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးထိန်းချုပ်ဖို့စစ်ကောင်စီက သြဂုတ်ကစပြီး ထိုးစစ်ဆင်တာတွေရှိနေပါတယ်။

ဒါ့အပြင် သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ လှုပ်ရှားထိုးစစ်တွေ ရှိနေတာကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook