Connect with us

Hi, what are you looking for?

သတင်း

သရက်ခရိုင်အတွင်းက လမ်းပိုင်းတွေမှာ PDFလမ်းပိုင်းစစ်ဆေး

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက လမ်းပိုင်းတွေမှာ စစ်ရေးနဲ့ လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့(နိုဝင်ဘာ ၁၆ရက်) ထုတ်ပြန်ပါတယ်။

လမ်းပိုင်းစစ်ဆေးမှုလုပ်နေတဲ့ ရဲဘော်တွေ။ ဓာတ်ပုံ - သရက်ခရိုင် အမှတ် - ၄ တပ်ရင်း

နိုဝင်ဘာ-၁၆၊ ၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက လမ်းပိုင်းတွေမှာ စစ်ရေးနဲ့ လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့(နိုဝင်ဘာ ၁၆ရက်) ထုတ်ပြန်ပါတယ်။

လမ်းပိုင်းစစ်ဆေးမှုလုပ်နေတဲ့ ရဲဘော်တွေ။ ဓာတ်ပုံ – သရက်ခရိုင် အမှတ် – ၄ တပ်ရင်း

ခရီးသွားပြည်သူတွေလုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မူအချို့နဲ့ ခရီးသွားလာရာမှာ လိုအပ်တဲ့ သတိပြုရမယ့် အချက်တွေကို ရှင်းပြတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“လမ်းပိုင်းစစ်ဆေးမှုတွေရဲ့အဓိကအကြောင်းအရင်းက ခရီးသွားပြည်သူတွေ ဆောင်ရန်၊ ရှောင်ရန် ပြောပြအသိပေးချင်တာပါ။လမ်းပိုင်းတွေကိုတော့ ဖော်ပြမထားဘူး။ပြည်သူတွေ အနေနဲ့တော့သိကြတယ်။ဒီလထဲမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာရှိတယ်။စစ်ကောင်စီဘက် နေစစ်ကြောင်းထိုးနေတာရှိတယ်။လက်နက်ကြီးနဲ့လည်းပစ်တယ်။တခါတလေ တိုက်ပွဲပေါ်မူတည်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတာရှိတယ်”လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းတာဝန်ရှိသူ ကိုမြတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခရီးသွားပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ဆေးတာနဲ့ ကြုံကြိုက်တဲ့အခါတွေမှာ ယုံကြည်စိတ်ချစွာ အစစ်အဆေးခံဖို့ ပူးပေါင်းပါဝင်ကူညီကြဖို့လည်း အသိပေးပါတယ်။

စစ်ဆေးတဲ့ တပ်ဖွဲ့ဝင်တွေက မချေမငံဆက်ဆံတာနဲ့ ငွေကြေးတောင်းခံတာ တွေရှိခဲ့ရင် တိုင်ကြားဖို့လည်း သရက်ခရိုင် အမှတ်(၄)တပ်ရင်းက တိုက်တွန်းပါတယ်။

အခုနိုဝင်ဘာ ပထမပတ်က မကွေးတိုင်း၊သရက်နဲ့ ကံမမြို့နယ်က စစ်ကောင်စီ အခြေစိုက်စခန်းနဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာနှစ်ဖက် ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင်မှာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ